411 - 415

419 42 0
                                    

အပိုင်း၄၁၁

ထိူနေ့လယ်ခင်းမှာပဲ ရှီယု ရှီကျင်း ဖုန်းလျို စန်းပန် ချန်ရှင်း ချန်ချန် ကျောက်ယွန်းဖန် အကြီးအကဲယန် ကျင်းမင်နဲ့ လင်းရှောင်းရှောင်းတို့တွေ တစ်နေရာထဲမှာ စုလိုက်ကြတယ်။

"မင်းရဲ့မီးဝိညာဥ်ကိုထုတ်လိုက်တော့"ချန်ရှင်းက ရှီယုကိုပြောလိုက်တယ် "သက်တမ်းအနုဆုံးမီးဝိညာဥ်(ဟိုင်ရှီယင်)ကို အရင်သုံးရမယ်။သူ အဲ့တာကိုတစ်ညနဲ့တစ်ရက်တောင့်ခံနိုင်ရင် မီးဝိညာဥ်(ပိုင်ထိုက်ယန်)ကိုသုံး နောက်ဆုံးကျမှ မီးဝိညာဥ်(ဟောင်လင်)ကိုသုံး"

ရှီယု ဖုန်းလျိုကိုကြည့်ကာမေးလိုက်တယ် "အသင့်ဖြစ်ပြီလား?"

"အင်း"ဖုန်းလျို ခေါင်းငြိမ့်ပြလိုက်တယ်။

ရှီယု ဖုန်းလျိုရဲ့ခန္ဓာကိုယ်ကိုမီးဝိညာဥ်နဲ့စတင်လောင်ကျွမ်းစေလိုက်တယ်။

ချန်ရှင်း-"မတောင့်ခံနိုင်တော့ရင်ပြော ကိုယ့်ကိုယ်ကိုဖိအားမပေးနဲ့"

တစ်ကိုယ်လုံးအနက်ရောင်မီးသွေးတုံးအဖြစ်ပြောင်းလဲသွားတဲ့ဖုန်းလျို သိကြောင်းခေါင်းငြိမ့်ပြလိုက်တယ်။ဖုန်းလျို အတော်ကြာတဲ့အထိတောင့်ခံပြီးနောက် နောက်ဆုံးမှာခဏနားဖို့ပြောလိုက်တာကြောင့် ရှီယုမီးဝိညာဥ်ကိုပြန်ဆုတ်ခိုင်းလိုက်ပြီး ကျောက်ယွန်းဖန်ကို ဖုန်းလျိုကိုသယ်သွားပေးဖို့ပြောလိုက်တယ်။

ရှီယု ကျောက်ယွန်းဖန်ကိုဆေးပင်တွေပေးလိုက်ကာ "သူ့ကိုခဏနေကျွေးလိုက်"

ဖုန်းလျိုကိုသယ်သွားပြီးနောက် ရှီကျင်းနဲ့ အကြီးအကဲယန်တို့ကလဲထိုနည်းလမ်းကိုစမ်းသပ်ချင်တယ်လို့ပြောလာတာကြောင့် ရှီယု ချန်ရှင်းကို ရမရမေးပြီးနောက် ရတယ်ဆိုတာနဲ့စတင်ဆောင်ရွက်လိုက်တယ်။

ရှီကျင်း, ဖုန်းလျိုနဲ့အကြီးအကဲယန်တို့၃ယောက်ထဲမှာ အကြီးအကဲယန်ကမီးဝိညာဥ်ရဲ့အပူချိန်ကိုအကြာဆုံးတောင့်ခံနိုင်ခဲ့တယ်။ရှီယု ချန်ရှင်းနဲ့ဆွေးနွေးမလို့ရာသူ့ဘက်ကိုလှည့်လိုက်စဥ်မှာပဲ ကြာကန်ဘက်မှာဝမ်းဟန်ရဲ့အရိပ်ကိုတွေ့လိုက်ရတယ်။
(သူလဲကြည့်နေခဲ့တာလား..?)
ရှီယု အနည်းငယ်အံ့ဩသွားပေမယ့်လဲထိုကိစ္စကိုဆက်မတွေးတော့ဘဲ ချန်ရှင်းနဲ့ဆကိပြောနေလိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now