306 - 310

489 52 0
                                    

အပိုင်း၃၀၆

ကျင့်ကြံသူတွေရဲ့ မှော်ပစ္စည်းတွေမှာ သူတို့ရဲ့ဝိညာဥ်တစိတ်တပိုင်းကို ထည့်ထားကြလေ့ရှိတယ်။ ထိုကျင့်ကြံသူတွေသေသွားတာနဲ့ မှော်ပစ္စည်းထဲမှာရှိတဲ့ဝိညာဥ်က အချိန်ကြာတာနဲ့ပျောက်သွားတတ်တယ် ဒါမှမဟုတ် ထိုမှော်လက်နက်ကိုရသွားတဲ့သူကို ဝါးမြိုသွားတတ်တယ်။

လီထျန်က မိစ္ဆာအတက်ကိုကျင့်ကြံတဲ့သူဖြစ်တာကြောင့်သူ ကိုင်တဲ့ ဝိညာဥ်နှုတ်အလံကလဲ အန္တရာယ်များတယ်။ ရှီယုတို့ရဲ့ကျင့်ကြံမှုအဆင့်ကလဲ နိမ့်သလို အတွေ့ကြုံလဲမရှိသေးတာကြောင့် ထိုအလံကိုလျစ်လျူရှုမိတာသာမန်ပဲပင်..

ရှီယု-"ကျမ လူလွှတ်ပြီး ရှာခိုင်းကြည့်လိုက်မယ်" တကယ်လို့ လီထျန်ရဲ့ဝိညာဥ်သာလွတ်သွားရင် နောက်ထပ်ကပ်ဘေးကြီးကြုံရလိမ့်မယ်...

ဆိူလန်-"အရမ်းတော့ စိတ်ပူစရာမလိုပါဘူး။ အဲ့အလံကိုဖျက်ဆီးပစ်လိုက်တာက ပိုဘေးကင်းတယ်။ အဲ့ထဲမှာ သူ့ရဲ့ဝိညာဥ်အပိုင်းစရှိနေရင်တောင်မှပဲ လောလောဆယ်တော့ သိပ်ပြီးပြသနာမရှိနိုင်သေးဘူး အဲ့ဝိညာဥ်အစိတ်ပိုင်းက အချိန်ကြာသွားရင်ပျောက်ကွယ်သွားမှာဆိုပေမယ့် မင်းသာ သူ့နေရာမှာဆို ဘာလုပ်မှာလဲ?"

ရှီယု သူပြောတာကိုနည်းနည်းပါးပါး သဘောပေါက်သွားကာ "ရှင်ပြောချင်တာက သူသာအသက်ပြန်ရှင်လာချင်ရင် အဲ့အလံထဲမှာပုန်းနေရင်း...အခွင့်ကောင်းကိုစောင့်နေမှာပေါ့?"

ဆိုလန် ရယ်လိုက်ကာ "သူ့ဝိညာဥ်က မပြည့်စုံသေးတော့ လောလောဆယ်တော့ မလှုပ်ရှားနိုင်သေးဘူး။ မှော်စွမ်းအင်ကျင့်ကြံသူတွေရဲ့စိတ်ရှုတ်စရာအကောင်းဆုံးအချက်က တခြားကျင့်ကြံသူတွေရဲ့ဝိညာဥ်ကို ဝါးမြိုပြီး သန်မာလာနိုင်တယ်။ သာမန်လူတွေရဲ့ဝိညာဥ်က သူ့ဝိညာဥ်ကိုထိန်းသိမ်းထားနိုင်ရင် ကျင့်ကြံသူတွေရဲ့ဝိညာဥ်က ဝိညာဥ်ကိုပိုပြီးသန်မာလာအောင်လုပ်ပေးနိုင်တယ်။

သူက အရူးမဟုတ်တော့ သူ့ရဲ့လက်ရှိကျင့်ကြံမှုအဆင့်နဲ့သာဆို လူတွေအများကြီးသတ်လို့မရမှန်းသိတယ်။ သူ့ကိုရှာချင်ရင် နည်းနည်းတော့ခက်မယ်။ အရှေ့အင်ပါယာထဲမှာရှိနေသေးရင်တော့ ကူရှာပေးလို့ရတယ်။ ကျန်တာတော့ မင်းပေါ်မှာပဲအပ်ထားလိုက်တော့မယ်"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now