36 - 40

683 54 0
                                    

အပိုင်း-၃၆ (ဆန်ကိတ်)

ရှီယု နန်းမြို့တော်ရဲ့ မြို့အဝင်ဝ
ကိုရောက်သွားတော့ ညနေစောင်း နေပြီဖြစ်လို့ နေရောင်ကြောင့် နီရဲနေတဲ့တိမ်တွေကိုတောင် မမြင် ရတော့ဘဲ မြို့ကို ဝန်းရံထားတဲ့ အုတ်တံတိုင်း အမြင့်ကြီးကိုသာ
တွေ့လိုက်ရတယ်။

အထပ်၁၀ထပ်စာလောက်မြင့်တဲ့ အနက်ရောင်နံရံကြီးကို ကြည့်ပြီး ရှီယု မျက်လုံးတွေက ပြုတ်ကျမတတ် ပြူးကျယ်သွား
တယ်။ဒီလို ထူးခြားတဲ့ စွမ်းအင်တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးမှာ နံရံကတောင်မှဘဲ ခြိမ်းခြောက်နိုင်တဲ့ အငွေ့အ သက်တွေနဲ့ ပြည့်နှက်နေတယ်။

ရှီယု စိတ်လှုပ်ရှားမှုအပြည့်နဲ့ပဲ ဒီသိုင်းလောကကြီးရဲ့ နှလုံးသားဖြစ်တဲ့ နန်းမြို့တော်
ဆီကို ခြေလှမ်းစ,လိုက်တယ်။ ဒီကမ္ဘာပေါ်မှာရှိတဲ့ သူမ တွေ့ဖူးသမျှ မြို့တွေနဲ့ ယှဉ်ရင် ဒီမြို့တော်ကြီးက အရမ်းကို ခမ်းနားထည်ဝါလွန်းတယ်။ဝင်ပေါက်တောင်မှ မြင်းလှည်း ၁၈စီးလောက် ဘေးချင်းယှဥ်ပြီး ဝင်လို့ရလောက်အောင် ကျယ်ပြန့် လွန်းတယ်။ သူမ ခြေထောက်
အောက်က လမ်းကို တောင်မှဘဲ အနက်ရောင် ကျောက်ခဲတွေနဲ့ တည်ဆောက်ထားသေးတယ်။ လမ်းရဲ့ တစ်ဖက်တစ်ချက်ဆီမှာလဲ လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေ အများကြီးနဲ့ တချို့အဆောက်အအုံတွေဆို နံရံထက်တောင်မှ ပိုမြင့်သေး
တယ်။

ညနေရောက်နေတာတောင်မှ လူသွားလူလားတွေ အများကြီးပဲ။ရှီယု တည်းခိုခန်းတစ်ခုမှာ အခန်းတစ်ခန်းလောက် ငှါးပြီး တည်းလိုက်တယ်။

သူမ တည်းခိုခန်းမှာတွေ့တဲ့ ဝန်ထမ်းတွေဆီကနေ ဒီမြို့ရဲ့ ဒေသထွက် အစားအစာတွေကို မေးကြည့်လိုက်တယ်။

ရှီယု တည်းခိုခန်းကနေ ထွက်လာ တော့ မလှမ်းမကမ်းမှာရှိတဲ့ ဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာ လူတွေ အတန်းလိုက်ကြီး ရပ်စောင့်နေ
ကြတာကို တွေ့လိုက်ရတယ်။
(ဒီဆိုင်က စီးပွားရေးကောင်းနေမှ တော့ သူတို့ရောင်းသမျှ အစား
အစာတွေကလဲ အရမ်းအရသာရှိ
မှာပဲ)

ရှီယု ဆိုင်နားကို ရောက်သွားတော့ သူတို့ရောင်းနေတဲ့ အစားအစာက သူမ အရမ်းကြိုက်တဲ့ ဆန်ကိတ် ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒီဆန်ကိတ်ကို လုပ်တဲ့နည်းလမ်း က စေးကပ်နေတဲ့ ဆန်မုန့်တွေကို ရေနဲ့ရောနယ်ပြီး သမအောင် သေသေချာချာ  မွှေပေးရတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now