336 - 340

462 46 0
                                    

အပိုင်း၃၃၆

ချင်းချန် ရှီယုအရေးနိမ့်နေတာကိုသတိထားမိသွားကာ သူ့ရဲ့ဓားမှာသွေးစက်ချလိုက်ပြီးနောက် ထိုဓားကို မူဂျင်းရဲ့ပတ်လည်မှာရှိနေတဲ့ နွယ်ပင်တွေဆီပစ်လွှတ်လိုက်ချိန် နွယ်ပင်တွေအားလုံး တစ်ဝက်ပြက်သွားကြတယ်။

"အား!"မူဂျင်း နာကျင်စွာအော်ဟစ်လိုက်ကာ သူမရဲ့နွယ်ပင်တွေကို မြှားအသွင်ပြောင်းပြီး ချင်းချန်ဆီပစ်လွှတ်လိုက်တယ်။

အဲ့တာကိုမြင်တော့ ရှီယုခေါင်းထဲမှာအတွေးတစ်ခုပေါ်လာကာ ချင်းချန်ရှေ့ကနေ ပိတ်ရပ်လိုက်တာကြောင့် နွယ်ပင်တွေက ရှီယုရဲ့ကိုယ်ထဲကိုထိုးဖောက်သွားတယ်။  ရှီယုရဲ့ကိုယ်ကနေ သွေးတွေလွင့်စင်သွားကာ ချင်းချန်ရဲ့ဝတ်ရုံပေါ်မှာ သွေးတွေစွန်းသွားတယ်။ချင်းချန် သူ့ဓားနဲ့ထိုနွယ်ပင်တွေကို တိုက်ခိုက်ဖို့လှုပ်ရှားလိုက်စဥ်မှာပဲ ရှီယုက လှမ်းတားလိုက်ကာ "ခဏလေး!အဲ့နွယ်ပင်က ငါ့ဆီကနေ သွေးနဲ့စွမ်းအင်ကိုစုပ်ယူနေတာ"

ပွဲကြည့်ပရိသတ်တွေအားလုံး ရှီယုရဲ့မျက်နှာက ဖြူစုတ်လာကာ အရေးနိမ့်နေတာကိုမြင်ရတော့ နှမြောတသဖြစ်သွားကြတယ်။

"ကျွတ်စ်..ကျွတ်စ်...စိတ်မကောင်းစရာပဲ..တော်ဝင်ဆရာကို ဒီလောက်အချိန်ကြာကြီးတိုက်ခိုက်နိုင်တာဆိုလို့ အရင်တစ်ခါက လင်းဖန်ဆိုတဲ့ကောင်လေးရယ် ဒီ၂ယောက်ရယ်ပဲရှိသေးတယ် အခုတော့ရှုံးတော့မယ်"

ထိုအချိန်မှာပဲ အနက်ရောင်ဓားတစ်ချောင်း ရုတ်တရက်ပေါ်လာပြီး ရှီယုရဲ့ကိုယ်ကိုထိုးစိုက်နေတဲ့နွယ်ပင်တွေကို ခုတ်ပိုင်းလိုက်တယ်။

"လင်းဖန်!"ချင်းချန်တစ်ယောက် လင်းဖန်နဲ့ဖုန်းလျိုတို့ကိုမြင်တော့ စိတ်အေးသွားတယ်။

"ဖုန်းလျို သူတို့ကိုကြည့်ထားလိုက်" လင်းဖန် ဓားဆွဲကာ မူဂျင်းကိုတိုက်ခိုက်မလို့လုပ်နေစဥ်မှာပဲ ရှီယုက လှမ်းတားလိုက်တယ်။

ရှီယု အေးစက်စက်ရယ်လိုက်ကာ မူဂျင်းကိုကြည့်လိုက်ပြီး "ငါ့သွေးကို အဲ့လောက်ထိစုပ်ယူဖို့လွယ်မယ်များထင်နေလား?!"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now