81 - 85

635 62 0
                                    

အပိုင်း-၈၁ (ဂုံးမွှေကြော်)

သူမ ဒီအတိုင်း နောက်လိုက်တာ
ပဲ ဖြစ်တယ်။
သူမ သူငယ်ချင်း ၂ယောက် အခုလို အတင့်တက်သွားကြတာ
က ဂုဏ်ယူစရာပဲလေ။

သူတို့ကို ဂုဏ်ပြုပေးတဲ့အနေနဲ့ မနက်စာကို အရင်ထက် ပိုချက်
လိုက်တယ်။သူမရဲ့ လေဟာနယ်ထဲ
က ဆေးပင်တွေကိုပါ ဟင်းပွဲတွေ
ထဲမှာ ထည့်ချက်လိုက်သေးတယ်။ ကြောင်ဝတုတ် ပြောတာတော့ လေဟာနယ်ထဲက ဆေးပင်တွေက ကြွက်သားတွေ တည်ဆောက်တာ နဲ့ အရိုးတွေ သန်မာလာအောင် လုပ်ပေးနိုင်တယ်။

ဆေးပင်တွေ ဟင်းရွက်တွနဲ့ ချက်ထားတဲ့ ဟင်းရည်မှာ စွမ်းအင်တွေ အများကြီးပါနေ တယ်။ အဘိုးကုက အဲ့တာကို သတိထားမိပြီး လူငယ်တွေကို ပိုစားစေချင်လို့လားတော့ မသိဘူး
မနက်စာကို အရင်လောက် သိပ်
မစားဘူး။

ရှီယု မနက်စာ စားပြီးတာနဲ့ လန်းဆန်းလာကာ မနေ့ညက ပင်ပန်းထားသမျှ ပျောက်သွားသ
လိုတောင် ခံစားရတယ်။ လူသစ်သီးတွေကို တစ်နေကုန် မရပ်မနား လှီးနိုင်တယ်လို့တောင် ခံစားမိတယ်။ သူမ လူသစ်သီးတွေ မရပ်မနား လှီးနေလို့တောင် စန်းပန်မှာ နေ့လည်စာ စားချိန်
ရောက်ပြီဆိုပြီး ခဏခဏ လာ
သတိပေးနေရတယ်။ စန်းပန် မနေ့က ရှီယု ကောက်ခိုင်းလိုက်တဲ့ ဂုံးကောင်တွေကို ဘယ်လိုချက်စား
မလဲဆိုတာ သိချင်နေပြီ။

စန်းပန်  ရှီယုနောက်ကို လိုက်
လာကတည်းက အရသာရှိတာတွေ
အများကြီး စားနေရလို့ သူမကိုပဲ တစ်ချိန်လုံးလိုက်ကပ်နေတော့
တာ။  တိမ်သားရဲကတော့ သူနဲ့ မတူပဲ ရှီယု ဆံပင်ထဲမှာပဲ နေပြီး မဟော်ဂနီသစ်သီးတွေပဲ တစ်ချိန်လုံးစားနေတယ်။

ရှီယု နေ့လည်စာ ချက်ဖို့အတွက် စပြင်လိုကိတယ်။ ထိုအချိန်မှာပဲ အိမ်ရှေ့တံခါးပွင့်သွားကာ လျူ
အကြီးအကဲ၂ယောက် ဝင်လာတာ
ကို တွေ့လိုက်ရတယ်။

ရက်အတော်ကြာ စဥ်းစားပြီး
နောက်မှာတော့ သူတို့တွေ ရှီယုနဲ့ လင်းဖန်ကို ရတနာခန်းမက တတိယထပ်ကို ဝင်ဖို့ ခွင့်ပြုလိုက်
ကြတယ်။ အဲ့အတွက် လျူမျိုးနွယ်က ကျောင်းကို ဘာပြန်ပေးလိုက်ရလဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး။ ဘာပဲဖြစ်ဖြစ် တော်ဝင်
ကျောင်းတော်ကလဲ အရှုံးမရှိပါ
ဘူး။ လင်းဖန်က သိပ်မကြာခင် အဆင့်တက်ပြီး တတိယထပ်ကို ဝင်ရမှာပဲဆိုတော့ နောက်ကျတာ
နဲ့ စောတာပဲကွာတယ်လို့ တွက်လို့
ရတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now