476 - 480

383 37 0
                                    

အပိုင်း၄၇၆

ပေ့ကုန်းဟူန်းဇူတစ်ယောက် စိုးရိမ်သွားတယ်။သူမကဒီအဖွဲ့ထဲဝင်လာပေမယ့်လဲတကယ်တော့အပြင်လူသကိသက်တစ်ယောက်သာပင်။ လူတစ်ယောက်သာစတေးရမယ်ဆို သူမကဦးစားပေးဖြစ်မှာအသေချာပဲလို့တွေးနေမိတယ်။

"အဲ့လူကြည့်ရတာထူးဆန်းတယ်။သေတစ်ဝက်ရှင်တစ်ဝက်လူနဲ့တူနေသလိုပဲ"လင်းဖန်က ပြောလိုက်တယ်။

"အဲ့တော့ရှင်တို့ဘယ်လိုလုပ်ကြမှာလဲ?"ပေ့ကုန်းဟူန်းဇူမှာ သူမကိုအထားခဲ့ခံရမှာကိုစိုးရိမ်နေတယ်။

"မင်းက ဘယ်လိုအဖြေမျိုးလိုချင်နေလို့လဲ?" လင်းဖန်က သူမကိုစိုက်ကြည့်လိုက်ကာ"မင်းကိုမထားခဲ့ပါဘူးလို့များကတိပေးစေချင်နေတာလား?ဘာလို့လဲ?ငါတို့ထဲမှာမင်းက အားအနည်းဆုံးပဲ တကယ်လိူ့တစ်ယောက်ကိုသာရွေးရမယ်ဆို ဘာလို့ကျန်တဲ့သူတွေကိုရွေးရမှာလဲ?"

လင်းဖန်တိူ့က ပေ့ကုန်းဟုန်းဇူ ဘယ်လိုခံစားရလဲဆိုတာဂရုစိုက်မနေဘဲ ပတ်ပတ်လည်ကိုလေ့လာကြည့်လိုက်တယ်။ ဒီလိုမရင်းနှီးတဲ့နေရာမျိုးမှာလောဘရဲ့ဖြားယောင်းမှုကိုခံမယ့်အစား ထိုလူရဲ့စကားကိုတဝက်ယုံ တဝက်ကသံသယအနေနဲ့သဘောထားတာကအကောင်းဆုံးပင်။ ဒါပေမဲ့လဲသူတို့တွေအတော်ကြာလေ့လာပြီးတဲ့နောက် ဘာမှထူးထူးခြားခြားမတွေ့ရပေ။ နောက်၇ရက်ကြာတဲ့အထိဘာမှထူးထူးခြားခြားမတွေ့ရပေ။အမြဲပုံသေရှိနေတာဆိုလို့ ရှီလူကြီးမင်းကကျောက်စားပွဲပေါ်မှာပဲ တစ်ချိန်လုံးတငိပျဥ်ခွေထိုင်နေတာပင်။

ရှီယောင်ချန်း အားလုံးကိုပြုံးပြီးကြည့်လိုက်ကာ"ဘယ်လိုလဲ?စဥ်းစားပြီးပြီလား?မင်းတို့အားလုံးဒီမှာပိတ်မိနေတာထက်စာရင် တစ်ယောက်ကိုပဲချန်ထားခဲ့တာကပိုမကောင်းဘူးလား?"သူက ပေ့ကုန်းဟုန်းဇူကို လက်ညှိုးထိုးပြလိုက်ကာ"အဲ့တစ်ယောက်ကမင်းတို့ထဲမှာအားအနည်းဆုံးပဲသူ့ကိုထားခဲ့ရင်ရောဘယ်လိုလဲ?"သူ ဒီရက်တွေမှာသတိထားခဲ့မိသလောက် ထိုမိန်းကလေးကကျန်တဲ့သူတွေနဲ့သိပ်အဆင်မပြေသလိုပင်။

"ဘာလို့တွေဝေနေကြသေးတာလဲ?"

ရှီယုတို့မှာသူထပ်ပြီးသွေးဆောင်နေမှာစိုးတာကြောင့် မသိချင်ယောင်ဆောင်ထားလိုက်တယ်။
"အဲ့လူက ကျောက်စားပွဲမရှိရင်ဘယ်လိုနေမလဲမသိဘူး။သူငါတို့ကိုသွေးဆောင်နေတာ အဲ့တာကြောင့်များလား?"ချူရှောင်းကပြောလိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now