381 - 385

454 43 0
                                    

အပိုင်း၃၈၁

ရှီယု ဇဲတို့မိသားစုကို သူမလက်ရှိတည်းနေတဲ့တည်းခိုခန်းဆီခေါ်လာပြီးနောက် ဖုန်းလျိုတို့နဲ့မိတ်ဆက်ပေးခဲ့တယ်။ အဲ့နောက် သူမ ဝိညာဥ်မိတ်ဖက်ငှက်ကိုဝယ်ဖို့ရာ ထန်ကျီအဖွဲ့စည်းဆီကိုသွားလိုက်တယ်။ ရှီယုရောက်လာမှာကိုသိနေတဲ့အလား ထျန်ကျီအဖွဲ့စည်းရဲ့ပိုင်ရှင်က သူမကိုအဆောက်အုံရှေ့မှာစောင့်နေခဲ့တယ်။

"မင်း ချုံးဟွာလုကို ၁၀နှစ်အတွင်းဖော်စပ်နိုင်လား?"

ရှီယု ရုတ်တရက်မေးခွန်းကြောင့်အံ့ဩသွားပေမယ့်လဲ တစ်စုံတစ်ရာကိုခန့်မှန်းမိသွားကာ "ဝိညာဥ်မိတ်ဖက်ငှက်ရဲ့သက်တမ်းက ကုန်တော့မှာမလို့လား?"

အကြီးအကဲကခေါင်းငြိမ့်လိုက်ကာ "အင်း တကယ်လို့မင်းသာ ချုံးဟွာလုကို၁၀နှစ်အတွင်းဖော်စပ်ပေးဖို့ကတိပေးရင် ဝိညာဥ်မိတ်ဖက်ငှက်ကိုမင်းဆီမှာပေးခဲ့မယ်။ ငါကတော့ ဒီ၈လောကကနေထွက်သွားတော့မယ်။ ပြီးတော့ မင်းသာချုံးဟွာလုကိုဖော်စပ်ပေးဖို့ကတိပေးရင် ငါမင်းအတွက်တစ်ခုခုပြန်ကူညီပေးမယ်"

"သူ့ကို ဝိညာဥ်ခေါ်စာအုပ်ရဲ့စာရွက်တွေကူရှာပေးဖို့ပြောလိုက်" ရှီယု သီးသန့်လေဟာနယ်ထဲမှာရှိနေတဲ့ကြောင်ဝတုတ်ရဲ့အသံကိုကြားလိုက်ရတော့ ကြောင်ဝတုတ် ပြောတဲ့အတိုင်းပဲ ပြန်ပြောလိုက်တယ်။ ထျန်ကျီအဖွဲ့စည်းပိုင်ရှင်အကြီးကဲကလဲသဘောတူလိုက်တာကြောင့် ရှီယုတစ်လဲ ပြန်လာခဲ့တယ်။
နောက်၄ရက်အကြာမှာပဲရှီယုတို့တွေ ၉လောကကိုပြန်လာခဲ့ကြတယ်။ ရှီယု တော်ဝင်ကျောင်းတော်ကိုရောက်တာနဲ့ကျောင်းအုပ်ကြီးကိုသွားတွေ့ပြီးနောက် ဇဲကိုကျောင်းသားအဖြစ်လက်ခံပေးဖို့ရာသွားတောင်းဆိုခဲ့တယ်။ ဒါပေမဲ့ဇဲက စွမ်းအင်မကျင့်ကြံနိုင်သေးတာကြောင့် နောက်ဆုံးစာသင်ခန်းမှာနေလိုက်ရတယ်။ ဇဲကိုကျောင်းအပ်ပြီးတာနဲ့ရှီယုလဲ ဝါးအိမ်လေးဆီကိုပြန်လာခဲ့တယ်။
........

ထိုည ရှီယုနဲ့ချင်းချန် စကားပြောနေကြစဥ်မှာပဲ ဇဲက အိပ်မပျော်တာကြောင့်အောက်ထပ်ကိုဆင်းလာရင်း ရှီယုကိုတွေ့သွားတာကြောင့် သူမတို့ဆီလျှောက်သွားခဲ့တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now