66 - 70

623 66 1
                                    

အပိုင်း-၆၆ (တရုတ်ငါးပြေမကြော်)

ရှီယုလဲ တစ်ပွဲလောက် မှာစား
လိုက်တယ်။ ညစျေးတွေက ပျော်
ဖို့ကောင်းတဲ့အပြင် စားစရာတွေ
ကလဲ သူမလို အလယ်အလတ်
လူတန်းစားတွေ ဝယ်စားနိုင်ကြတဲ့ ပမာဏမျိုးမှာပဲ ရှိနေတယ်။ (ဘယ်သူကရော သူတို့လို အမှိုက်နဲ့တူတဲ့ အထက်တန်းလွှာ
တွေနဲ့များ သွားရောချင်နေလို့
လဲ?)

သူမ ဆာရှီမီ စားနေစဥ်မှာပဲ စန်းပန်က ပုခုံးပေါ်ကို တက်လာ
ပြီး သူ့ကိုလဲ ကျွေးဖို့ပြောလိုက်
တယ်။

မုန်လာဥလေးက ဆာရှီမီတစ်ဖက်
လောက် ယူဝါးပြီးတာနဲ့ နေရာမှာ
တင် လဲကျသွားကာ သေချင်
ယောင်ဆောင်နေလိုက်တယ်။
(ဒီမုန်လာဥတောင်မှ ငါ့လက်ရာ
တွေ စားပြီး ဂျီးများတတ်လာပြီ
ပဲ!)

ရှီယု သူ့ကို လျစ်လျူရှူလိုက်တာ ဆာရှီမီကို ဆက်စားနေလိုက်
တယ်။ ဒီဆာရှီမီက သိပ်ပြီး အရသာမရှိပေမဲ့ ဟင်းနံ့တွေနဲ့ ပြည့်နေတဲ့လေထုကြီး လူတွေ စည်ကားနေကြတဲ့ လမ်းမကြီးနဲ့ တစ်လမ်းလုံး ထိန်လင်းနေတဲ့ လမ်းမီးတွေကြောင့် အရသာပိုရှိ နေတယ်။

ဆာရှီမီ စားလို့ပြီးတာနဲ့ ဆိုင်ထဲက
နေ ပြန်ထွက်လာတော့ ခေါက်ဆွဲ ဆိုင်တစ်ဆိုင်ရဲ့ဘေးမှာရှိနေတဲ့ နေရာလွတ်ဆီကို လျှောက်သွား
လိုက်တယ်။ ခေါက်ဆွဲဆိုင်ပိုင်ရှင် ကို နှုတ်ဆက်လိုက်ပြီးနောက် သူ့ရဲ့ အံ့အားသင့်နေတဲ့ အကြည့်တွေ
အောက်မှာပဲ သိုလှောင်လက်စွပ်
ထဲကနေ မီးဖိုတစ်လုံးထုတ်လိုက်
ကာ ဆိုင်ဖွင့်ဖို့ ပြင်လိုက်တယ်။

သူမ ပြင်ဆင်လို့ ပြီးသွားတော့ စန်းပန်တစ်ယောက် စားပွဲပေါ်ကို ခုန်တက်လိုက်ကာ "အခု ဟင်းပွဲ အသစ်ချက်တော့မလို့လား? ဟုတ်လား?''

ကြောင်ဝတုတ်လဲ ပေါ်လာကာ စားပွဲပေါ်မှာ ပျင်းတိပျင်းရော့နဲ့ ခွေအိပ်နေလိုက်တယ်။

ရှီယု စန်းပန်ရဲ့ ခေါင်းကို လက်ညှိုး
နဲ့ ထိလိုက်ကာ "ငါ ချက်ပြီးသွားမှ စားကြည့်ပေါ့"

လူတွေက သူမတို့ရှေ့ကနေ ဖြတ်လျှောက်သွားကြပေမဲ့ ဘယ်သူမှ သူမတို့ကို သတိမထား
မိကြတော့ ကိုယ့်ကိုယ်ကို ကိုယ်ယောင်ပျောက်နေလားလို့
တေညင် ထင်လာမိတယ်။ ဘေးက ခေါက်ဆွဲဆိုင်ကလဲ လူမရှိတာ
ကြောင့် ဆိုင်ရှင်က သူမ ဘာလုပ်
မှာလဲဆိုတာ သေချာ လိုက်ကြည့်
နေတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now