236 - 240

529 57 0
                                    

အပိုင်း၂၃၆

"ဒါဘယ်လိုဖြစ်ရတာလဲ?" အဆင့်တစ်ဆင့်ကွာနေတာတောင်မှချောချောမွတ်မွတ်အနိူင်ယူသွားနိုင်တဲ့ချင်းချန်ကိုကြည့်ရင်း တစ်စုံတစ်ယောက်က လှမ်းမေးလိုက်တယ်။

"ဘယ်လိုတောင်ကောင်းလိုက်တဲ့ပြကွက်လဲ?!" သူ့ဘေးကလူက ချီးကျူးလိုက်တယ် "အဲ့ကျောင်းသားက အစပိုင်းမှာ ပုံရိပ်ယောင်နဲ့လှည့်စားပြီးမှ သူ့ရန်သူနောက်ကိုရှောင်ထွက်သွားတော့မှ တကယ်စ,တိုက်တာ။အဲ့ဖက်တီးသာ ဓားချက်မမိလိုက်ရင် အဲ့လိုမျိုးအလွယ်တကူအရှုံးပေးမှာမဟုတ်ဘူး"

အခုဓားချက်က ထိုလူရဲ့ဗိုက်ကိုပဲထိုးမိလို့ပေါ့ နှလုံးကိုသာထိုးမိသွားရင်မတွေးရဲစရာပဲ..

"ခင်ဗျား ဆက်တိုက်ချင်သေးလား?" ချင်းချန် လူဝကြီးရဲ့လည်ပင်းကိုဓားနဲ့ထောက်ကာ လှမ်းမေးလိုက်တယ်။

လူဝကြီးမှာ ချင်းချန်ရဲ့အေးစက်စက်အကြည့်ကိုမြင်တော့ တုန်ယင်သွားကာ "ငါ အရှုံးပေးတယ် "

ချင်းချန်တစ်ယောက် ဓားကိုပြန်ရုတ်လိုက်ကာ ဒိုင်ကသူအနိုင်ရပြီလို့ကြေငြာလိုက်မှပဲ စင်ပေါ်ကနေဆင်းသွားတော့တယ်။

"တကယ်ကြည့်ကောင်းတဲ့ပွဲဦးထွက်ပဲ!" အစကနေအဆုံးအထိ သူကပဲတစ်ဖက်ရန်သူကို ဖိနှိပ်သွားခဲ့တာ..

လင်းဖန်တစ်ယောက်သူ့ရဲ့တုန်ယင်နေတဲ့လက်ကိုကြည့်ကာ သူ့ရဲ့ ပြိုင်ဘက်ကမလွယ်ဘူးလို့သိလိုက်တယ်။

"နင် အေးဆေးသာအနားယူလိုက်တော့ ကျန်တာငါတို့ကိုသာအပ်လိုက်" ရှီယု ဆေးဖက်ဝင်လက်ဖက်ရည်ကို ချင်းချန်ဆီ ကမ်းပေးလိုက်တယ်။

"ကျေးဇူးပဲ"ချင်းချန် လက်ဖက်ရည်သောက်ပြီးနောက် မျက်စိမှိတ်ကာ စ,ပြီစွမ်းအင်ကျင့်ကြံလိုက်တယ်။

သူ့ရဲ့အခုလိုပုံစံကိုမြင်လိုက်ရတဲ့ချီချူးယွင်တစ်ယောက် သူမလက်ထဲက လေးကိုခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိတယ်။သူမ သူ့ကိုတစ်ခါမှအထင်မသေးဖူးပေမယ့်လဲ ဒီလူကသူမထက်အများကြီးသန်မာနေတယ်ဆိုတာကိုသိနေတယ်။

"ချူးယွင် ဘာတွေတွေးနေတာလဲ?နင့်အလှည့်ရောက်ပြီလေ"ရှီယုကလှမ်းပြီးသတိပေးလိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Où les histoires vivent. Découvrez maintenant