251 - 255

531 56 1
                                    

အပိုင်း၂၅၁

ဟောင်လန်ရဲ့ပုံစံက လေးလေးနက်နက် စဥ်းစားနေပုံပေါ်တယ်။သူ အစကတော့ ဒီညပြိုင်ပွဲကိုသူတို့ပဲနိုင်မယ်လို့တွေးထားခဲ့ပေမဲ့ အခုကြည့်ရတာတော့ အနိုင်ရဖို့သိပ်လွယ်ပေ...

သူ အကြီးအကဲကောရဲ့ဖိတ်ခေါ်ချက်ကို သဘောတူခဲ့တာက ပြန်ရမယ့်ဆုလာဒ်တွေကြောင့်ပင်။ သူတိူ့သာရှုံးသွားခဲ့ရင် ရမယ့်ဆုတွေလဲတစ်ဝက်လောက်လျှော့သွားမယ့်အပြင် ပြိုင်ပွဲတွေမှာ ဆက်ပြိုင်ခွင့်လဲမရှိတော့ပေ..

ဒါပေမဲ့ သူအခုသိချင်နေတာက ဘာလို့တော်ဝင်ကျောင်းတော်ကကျောင်းသားတွေအားလုံး အလွယ်တကူအဆင့်တက်နေရလဲဆိုတာပင်...ဒါကြီးကတကယ်ကို ကျိုးကြောင်းမညီလွန်းဘူး။

သူ မျက်လုံးမှိတ်ကာ စောစောကဖြစ်သွားတာတွေကိုပြန်တွေးကြည့်လိုက််တယ်။

(အစတုန်းက လူ၆ယောက်ပဲရှိတာ ပြီးမှ အနီရောင်ဝတ်စုံနဲ့ကောင်ဝင်လာပြီး အဲ့နောက်မှာမှ နောက်ဆုံးတစ်ယောက်ဝင်လာတာ.... အနီရောင်ဝတ်စုံနဲ့တစ်ယောက်က အစားထိုးအနေနဲ့ရောက်လာတာ...သူရောက်လာလို့များ တော်ဝင်ကျောင်းတော်ကကျောင်းသားတွေ ဒီလိုပြောင်းလဲသွားတာများလား?...

ဒါပေမဲ့ သူကိုယ်တိုင်တောင်မှ ဗဟိုချက်ဖြစ်တည်မှုအဆင့်၄မှာပဲရှိသေးတာဆိုတော့..သူမဖြစ်နိုင်ဘူး။

နောက်ဆုံးမှရောက်လာတဲ့ကောင်မလေးကြောင့်များလား?)

သူ အတွေများနေစဥ်မှာပဲ ပတ်ပတ်လည်မှာရှိနေတဲ့ ချီစွမ်းအင်တွေ အတက်အကျဖြစ်သွားတယ်။

ခုလိုမျိုး တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖောက်နေတာကိုမြင်ရတော့ ပရိသတ်တွေလဲအသားကျနေပြီဖြစ်တာကြောင့် ကျန်၃ယောက် အဆင့်ဘယ်လောက်ထိတက်မလဲဆိုတာပဲသိချင်တော့တယ်။

အကြီးအကဲဖုန်းနဲ့ အကြီးအကဲလျူတို့ကြောင့် ချီစွမ်းအင်ပြတ်လပ်သွားမှာစိုးရိမ်စရာမလိုတော့ပေ။

ကျန်၃ယောက်ထဲမှာ ချင်းချန်ကအရင်ဆုံးအဆင့်ချိုးဖောက်သွားကာ ဗဟိုချက်သိပ်သည်းမှုအဆင့်၇ကနေ ဗဟိုချက်သိပ်သည်းမှုအဆင့်၉ကိုရောက်သွားပြီပင်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now