296 - 300

516 55 0
                                    

အပိုင်း၂၉၆

မနက်ခင်းနေရောင်က နွေးထွေးနေပေမဲ့ ရှုကွမ်းမြို့ကတော့ အေးစက်နေကာ အနက်ရောင်မြူခိုးတွေကပိုမိုသိပ်သည်းလာတယ်။

ထိုမြူခိုးတွေနဲ့ထိမိတဲ့ သက်ရှိတွေအားလုံး ချက်ချင်းဝိညာဥ်လွင့်သွားကြတယ်။ထိုအနက်ရောင်မြူခိုးတွေနဲ့ထိမိတိုင်း သူတိူ့ရဲ့ခန္ဓာကိုယ်တွေက အရေပြားတွေတွန့်ရှုံ့နေတဲ့ အရိုးစုအဖြစ်ကျန်နေခဲ့တယ်။

တင့်ချီတစ်ယောကိ အစီရင်ထဲမှာ မျက်လူံးအဝတ်စီးခံထားရကာ ရပ်နေပေမဲ့ သွေးလန့်စရာကောင်းတဲ့အော်သံတွေတော့ကြားနေရသေးတယ်။ အော်ဟစ်အကူညီတောင်းနေတဲ့အစေခံတွေရဲ့အသံတွေကိုကြားနေရပေမဲ့ ထိုအသံတွေကချက်ချင်းတိတ်သွားကြတယ်။

ရုတ်တရက်သူရပ်နေတဲ့အစီရင်နားကိုလျှောက်လာနေတဲ့ခြေသံတွေကိုကြားလိုက်ရတယ်။သူ မျက်လုံးစည်းကို ဖယ်ကြည့်လိုက်တော့ ထိုလူကသူနဲ့ရင်းနှီးနေတဲ့အိမ်တော်ထိန်းဖြစ်နေတာကိုတွေ့လိုက်ရတယ်။ တင့်ချီ သူ့ကိုမြင်တာနဲ့ အခြေနေတွေမေးကြည့်ချင်ပေမဲ့ အနက်ရောင်မြူခိုးတွေကရောက်လာတဲ့ အိမ်တော်ထိန်းရဲ့ကိုယ်က သူ့မျက်စိရှေ့မှာတင် တွန့်ရှုံ့သွားတာကိုတွေ့လိုက်ရတယ်။

"အား!" တင့်ချီ လန့်သွားကာပါးစပ်ကိုအုပ်ထားလိုက်မိတယ်။

အိမ်တော်ထိန်းရဲ့ကျင့်ကြံမှုအဆင့်က သူ့အဖေထက်တောင်မြင့်တာတောင်မှ အခုလိုဆိိုးဆိုးရွားရွားသေဆူံးသွားတယ်ဆိုရင် သူ့အမေ သူ့အဖေနဲ့အဖိုးရော?

တင့်ချီ သူ့အဘိုးကသူ့ကိုဘာလို့မလိုက်လာခိုင်းမှန်းသဘောပေါက်သွားတယ်။သူ အကာရံထဲကနေ ပြေးထွက်သွားချင်ပေမဲ့ လေထဲမှာ အနက်ရောင်မြူခိုးတွေ ဝဲနေတာကို တွေ့လိုက်ရတယ်။ ထိုမြူတွေကနေ နာကျင်မှုကြောင့်အော်ဟစ်နေတဲ့လူတစ်ယောက်ရဲ့မျက်နှာကိုတွေ့လိုက်ရတယ်။

"အဘိုး_"တင့်ချီခေါ်လိုက်ပေမဲ့ ဘာတုံ့ပြန်မှုမှပြန်မကြားရပေ။ ဒါပေမဲ့ အနက်ရောင်မြူခိုးတွေက သူ့အသံကိုကြားသွားသလိုမျိုး တင့်ချီရှိရာဆီကိုပြေးလာကြတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now