146 - 150

527 59 0
                                    

အပိုင်း-၁၄၆ (ဇီးပန်းသီးဝိုင်)

နောက်ရက်တွေမှာတော့ ရှီယု မြို့ထဲမှာ ရှိသမျှ လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ လှည့်ပတ်စားရင်းနဲ့ ချီမျိုးနွယ်အကြောင်းကို စုံစမ်းလိုက်တယ်။

ချီမျိုးနွယ်ရဲ့ ဘိုးဘေးကြီက လွန်ခဲ့တဲ့ နှစ်၇၀ကပဲ ပြန်လာခဲ့တာ။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကိုတော့ ဘယ်သူမှ မသိကြပေမယ့် အနည်းဆုံး ကောင်းကင်ရဲ့အသွင်သဏ္ဍာန်ဖြစ်တည်ခြင်းအဆင့်ကို ရောက်နေပြီဆိုတာတော့ သေချာတယ်။ အဲ့အချိန်တုန်းက ချီမျိုးနွယ်စု အားကြီးလာမှာကို စိုးရိမ်နေတဲ့ တော်ဝင်မိသားစုနဲ့ တခြားမျိုးနွယ်တွေပေါင်းပြီး ချီမျိုးနွယ်ကို တိုက်ခိုက်ကြပေမယ့် မအောင်မြင်တဲ့အပြင် ချီမျိုးနွယ်က နာမည်ပိုကြီးလာတဲ့အပြင် ဂိုဏ်းစ,ထောင်လိုက်ကာ တစ်နှစ်ကို တပည့်၁၀၀လက်ခံပြီး လေ့ကျင့်ပေးကြတယ်။တပည့်ဖြစ်လိုသုတွေက အသက်၁၀ထက် ပိုမကြီးရဘူး။  ပြီးတော့လဲ ကျင့်ကြံဖို့အတွက် ပါရမီပါလာရမယ်။ ချီမျိုးနွယ်က နာမည်ဂုဏ်သတင်းကြီးတာကြောင့် သူတို့ရဲ့ တပည့်လက်ခံတဲ့ အခမ်းအနားကလဲ အဓိကပွဲကြီးတစ်ခုလို ဖြစ်လာတယ်။

ချီမျိုးနွယ်က ဘိုးဘေးကြီကလဲ တစ်နှစ်တစ်ခါပဲ လူရှေ့ထွက်လာကာ ထိုအချိန်ကလဲ တပည့်ရွေးပွဲလုပ်တဲ့အချိန်ဖြစ်တယ်။ ထို တပည့်ရွေးပွဲကလဲ ဒီမတ်လထဲမှာပဲဖြစ်လို့ ရှီယုကလဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုပွဲကိုကြုံသွားတယ်။

ထိုအကြောင်းတွေကို ကြားတော့ ချီလူကြီးမင်းအဖြစ် ဘယ်သူက အယောင်ဆောင်နေတာလဲဆိုတာ သိချင်သွားတယ်။ (တစ်ဖက်လူက အဆင့်မြင့်ရဲ့သားနဲ့ ဘာလို့ ချီလူကြီးမင်းယောင်ဆောင်နေရတာလဲ?)

မီးဝိညာဥ်ဆို ထိုအကြောင်းတွေကို ကြားတိုင်း ဒေါသထွက်လာကာ အပူချိန်ပိုမြင့်လာတယ်။

"တပည့်ရွေးပွဲကျရင် အဲ့အယောင်ဆောင်နေတဲ့ တစ်ယောက်ပေါ်လာလိမ့်မယ်။ အဲ့နေ့ကျမှ အဲ့ပွဲကို သွားကြည့်ကြတာပေါ့" ရှီယုက မီးဝိညာဥ်ကို နှစ်သိမ့်ပေးလိုက်တာကြောင့် မီးဝိညာဥ်လဲ ပြန်ပြီးတည်ငြိမ်သွားတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now