481 - 485

375 37 0
                                    

၄၈၁

နောက်၁၅မိနစ်အကြာမှာ ရှီယု အဆင့်ချိုးဖောက်နိုင်သွားကာ သူမရဲ့ကျင့်ကြံမှုအဆငိ့က ပေါင်းစည်းခြင်းအဆင့်၆ကိုရောက်သွားပေမဲ့လဲ သူမရဲ့အခြေနေကဆိုးရွားနေခဲ့တယ်။ ကံဆိုးရင် သူမလက်ရှိကျင့်ကြံမှုအဆင့်မှာပဲတစ်သက်လုံးရပ်သွားနိုင်ချေရှိတယ်။ ရှီယု သက်သာသွားတာနဲ့ချက်ချင်းပဲလင်းဖန်ကို သွားကူညီပေးလိုက်တယ်။ရှီယု မီးဝိညာဥ်၃ခုကို ဆင့်ခေါ်လိုက်ကာ အစီရင်တစ်ခုတည်ဆောက်လိုက်ပြီး ကောင်းကင်မီးတောက်ဆီပစ်လွှတ်လိုက်တော့ အန္တရာယ်ကိုသတိထားမိသွားတဲ့ ကောင်းကင်မီးတောက်ကချက်ချင်းပဲ မီးတောက်တွေနဲ့ဖွဲ့စည်းထားတဲ့နဂါးအသွင်ပြောင်းသွားကာ ရှီယုရှိရာဆီကို ပြေးဝင်လာခဲ့တယ်။ဒါပေမဲ့ သူရှီယုဆီမရောက်သေးခင်မှာပဲ အရောင်၃မျုိးနဲ့မီးတောက်တွေရဲ့ချုပ်ထားခြင်းခံလိုက်ရတယ်။မီးဝိညာဥ်တွေက ကောင်းကင်မီးတောက်ကိုထိန်းချုပ်ထားစဥ်မှာပဲ ရှီယုကသူမရဲ့ဝိညာဥ်နဲ့ပါကောင်းကင်မီးတောက်ကိုထပိမံထိန်းချုပ်လိုက်တယ်။ထိုအချိန်မှာပဲ လင်းဖန်ရဲ့ဓားက ကောင်းကင်မီးတောက်ကိုအပိုင်းပိုင်းခုတ်ပစ်လိူက်စဥ် မီးဝိညာဥ်၃ခုက ကောင်းကင်မီးတောက်ရဲ့အပိုင်းစတွေကိုချက်ချင်း ဝါးမျိုပစ်ကြတယ်။ ရှီယုမှာစောစောကလေးတင် အအဆင့်ချိုးဖျက်ခဲ့တဲ့အပြင်အခုတစ်ဖန် စွမ်းအင်တွေထပိသုံးလိုက်တာကြောင့် မူးဝေလာတယ်။တစ်ဖက်မှာတော့ လင်းဖန်တစ်ယောက် ချက်ချင်းပဲ မြေပေါ်လဲကျသွားတာကြောင့် ယွဲ့ဟွမ်ကျင်းကသူ့ကိုထိန်းပေးလိုက်တယ်။

"ဒီလိုပဲ...ပြီးသွားပြီလား?"ပေ့ကုန်းဟုန်းဇီ အခုထိ စိတ်နဲ့လူမကပ်သေးပေ။

"ဟင့်အင်း"ကြောင်ဝတုတ်ကချက်ချင်း ခုန်ထွက်လာကာ "ငါအခုထိကောင်းကင်မီးတောက်ရဲ့ဝိညာဥ်ဗဟိုချက်ကိုရှာမတွေ့သေးဘူး။အဲ့တာကိုရှာတွေ့မှသူ့ကိုအပြတ်ရှင်းနိုင်မှာ ဒါပေမဲ့ အဲ့တာကိုငါ့ဆီသာအပ်ထားလိုက် မင်းတို့တွေက နားလိုက်ကြတော့"

ကြောငိဝတုတ် ထွက်ခွာသွားပြီးနောက်နာရီဝက်အကြာမှ ပြန်ရောက်လာကာ "ရှာတွေ့ခဲ့ပြီ ဒီကနေထွက်သွားကြစို့"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now