491 - 495

431 40 0
                                    

အပိုင်း၄၉၁

နောက်ရက်တွေမှာ ရှီယုက ကန်ထဲမှာရှိတဲ့ မှော်စွမ်းအင်တွေနဲ့ပြည့်နေတဲ့ငါးတွေကိုဖမ်းကာ ချင်းချန်အတွက်အစားစာချက်ပေးလိုက်ပြီးနောက် ချင်းချန်တစ်ယောက် အဆင့်ချိုးဖောက်သွားခဲ့တယ်။ရုတ်တရက်စွမ်းအင်တွေစုဝေးလာတာကြောင့် ယန်အန်းချူက လာကြည့်ပေမယ့်လဲ ဘာမှမပြောဘဲပြန်ထွက်သွားခဲ့တယ်။ ဒီတောအတွင်းရှီယုလဲ ယန်အန်းချူ အရက်မူးတုန်း ပြောလာတဲ့အကြောင်းတွေအရ သူမနဲ့ အိပ်ယာပေါ်မှာလှဲနေတဲ့အမျိုးသားရဲ့အကြောင်းကိုပိုသိလိုက်ရတယ်။

အိပ်ယာပေါ်မှာလှဲလျောင်းနေတဲ့ အမျိုးသားရဲ့နာမည်က ဟန်ယွမ်ဖြစ်ကာ သက်တမ်းအနည်းငယ်သာကျန်တော့တဲ့ အင်မော်တယ်တစ်ပိုင်းပင်။သူ့ရဲ့သက်တမ်းကိုတိုးလာစေမယ့် နည်းလမ်းကိုရှာချင်လို့ ၉လောကကိုထွက်လာခဲ့တာဖြစ်ပြီး သူ့ရဲ့ကျင့်ကြံမှုအဆင့်နဲ့မှတ်ဉာဏ်ကို ချိတ်ပိတ်ကာ ကိုယ့်ကိုယ်ကိုကာကွယ်ရုံလောက်ပဲချန်ထားခဲ့တာပင်။ ဟန်ယွမ်က ဒဏ်ရာရပြီးသတိမေ့နေစဥ်မှာ ယန်အန်းချူက သူ့ကိုကယ်ခဲ့တာပင်။လင်အန်းချုက ဟန်းယွမ်ကိုကျင့်ကြံသူမှန်းသိနေတာကြောင့် သူ့ကိုသင်ပေးစေချင်လို့ကယ်ခဲ့ပေမယ့် ဟန်ယွမ်က သူမရဲ့အကြံကိုသိနေကာ မသငိပေးခဲ့ပေ။

ဟန်ယွမ်က ရက်စက်တတ်ပြီး ယန်အန်းချူကတော့ ဉာဏ်များလွန်းတယ်။ နောက်ဆုံးတော့ လင်းအန်ချူမှာစိတ်ဆိုးသွားပြီး သူမမိဘတွေစီစဥ်ပေးတဲ့လကိထပ်ပွဲကိုလက်ခံခဲ့တယ်။ လက်ထပ်ပွဲနေ့မှာပဲ ဟန်ယွမ်က စည်းချထားတာကိုဖျက်ဆီးလိုက်ကာ မူလကသတိလစ်နေတဲ့အခြေနေကိုပြန်ရောက်သွားခဲ့တယ်။

.....

၃လပြည့်ခါနီးအချိန်မှာတော့ လင်းအန်ချူက ရှီယုတို့ကိုလာတွေ့ခဲ့တယ် "နည်းလမ်းရှာတွေ့ပြီလား?"

ရှီယု-"နည်းတစ်ခုတော့ရှိတယ် ဒါပေမဲ့ အောင်မြင်နိုင်မယ်လို့တော့အာမ,မခံနိုင်ဘူး ပြီးတော့ လိုအပ်တဲ့ဆေးပင်တွေလဲရှိတယ်။"

လင်းအန်ချူ-"လိုအပ်တဲ့ဆေးပင်တွေရှိရင် ခြံထဲကနှုတ်လိုက် မင်းလိုတဲ့ဆေးပင်တွေရှိရင်လဲနှုတ်လိုက် ငါကဆုအနေနဲ့ပေးတာ"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now