291 - 295

457 47 0
                                    

အပိုင်း၂၉၁

လင်းဖန်-"ဆရာတောင်မှသေချာမသိဘူးလား?"

အဘိုးကု-"ဘယ်လိုလုပ်သေချာသိမှာလဲ? ပုံရိပ်ယောင်ဖန်ဆင်းရှင်တွေအားလုံးက ကံကောင်းကြတဲ့သူတွေချည်းပဲ အဲ့တာကြောင့်မလို့လဲ အဆင့်ချိုးဖောက်မှုတိုင်းက သူတို့အတွက်အခွင့်ရေးပဲ။သူတိူ့ရဲ့စိတ်စွမ်းအားကလဲ သန်မာတော့ ဝိညာဥ်က ကမ္ဘာနဲ့မြေကြီးနဲ့ပါပေါင်းစည်းနိုင်တော့ သာမန်သူတွေမရနိူင်တာတွေပါရနိုင်ကြသေးတယ်။ လူတွေပြောနေကြတဲ့ တမူထူးခြားမှုဆိုတာဒါမျိုးကိုခေါ်တာဖြစ်မှာ" အဘိုးကု အရင်ကသူတွေ့ဖူးခဲ့တဲ့ စွမ်အားကြီးလွန်းတဲ့ပုံရိပ်ယောင်ဖန်ဆင်းရှင်တွေကို ပြန်တွေးမိသွားကာ "ဒါပေမဲ့ ပုံရိပ်ယောင်ဖန်ဆင်ရှင်းတစ်ယောက်ဖြစ်လာဖို့ဆိုတာ တကယ်မလွယ်ဘူး။ ဒီမိန်းကလေးက အခုမှအစမှာပဲရှိသေးတယ်။ သူအကြီးအကျယ်အောင်မြင်လာဖို့ဆိုရင် နှစ်ရာနဲ့ချီပြီး ကြာအုံးမယ်။ အဲ့အပြင် အချိန်ကအရေးကြီးဆုံးမဟုတ်သေးဘူး...ဒါနဲ့ မင်းဒီတစ်ခါဘာလုပ်မှာလဲ? မင်းရဲ့ တခြားမှော်စွမ်းအင်အရင်းမြစ်တွေရော နှိုးထလာပြီလား?"

သူ့ဆရာရဲ့မေးခွန်းကိုကြားတော့ လင်းဖန် ပုံရိပ်ယောင်ဖန်ဆင်းရှင်တွေအကြောင်းတွေးနေရာကနေ ပြန်လည်သတိဝင်လာကာ "ဒီတစ်ခါ သတ္ထုနဲ့လျှပ်စီးစွမ်းအင်နှိုးထလာပါပြီ"

အဘိုးကု ပြုံးလိုက်ကာ "ဒါဆို မင်းကိုယ်ထဲမှာအခုစွမ်းအင်၄မျိုးရှိသွားပြီပေါ့။ မင်းရဲ့စွမ်းအင်တွေအားလုံး နှိုးထလာတာနဲ့ မင်းရဲ့စွမ်းအားက ပုံရိပ်ယောင်ဖန်ဆင်းရှင်ထက်မနိမ့်ပါဘူး။ မင်းရဲ့စွမ်းအားတွေအားလုံးပေါင်းစည်းသွားနိုင်ချေတောင်ရှိသေးတယ်။အဲ့အချိန်ကျရင် ဝမ်းအိမ်တော်ကညီအစ်ကို၂ယောက်နဲ့ယှဥ်နိုင်လောက်ပြီ"

သူ့ဆရာက ဝမ်းဟန်တို့ညီအစ်ကို၂ယောက်အကြောင်းပြောလိုက်တာကြားရတော့ လင်းဖန်သိချင်သွားကာ "သူတို့ရဲ့စွမ်းအင်အရင်းမြစ်တွေက ဘာတွေလဲ?"

သူ မှတ်မိရသလောက် ဝမ်းရှန်မှာ ရေစွမ်းအင်အရင်းမြစ်လဲရှိသလို မီးစွမ်းအင်အရင်းမြစ်လဲရှိနေပြီး နောက်ပိုင်းသစ်သားစွမ်းအင်အရင်းမြစ်ပါရှိနေသေးတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now