181 - 185

527 58 0
                                    

အပိုင်း-၁၈၁ (ပန်ဒါပုံထမင်းဆုပ်)

တင့်ချီ ဆိုင်ထဲဝင်ထိုင်လိုက်တော့ တော်တော်များများက ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဆွေးနွေးနေကြတယ်။

"....ရှီမျိုးနွယ်မှာ ရတနာပစ္စည်းတစ်ခု ရှိနေတာက ကံဆိုးတာပဲ။ တခြားသူတွေက အဲ့တာကို ရဖို့ ကြိုးစားကြမှာပဲ"

"ဘာရတနာမို့လို့လဲ?'' တစ်ယောက်က တင့်ချီသိချင်နေတဲ့ မေးခွန်းကို မေးလိုက်တယ်။

"ဝိညာဥ်ကျောက်စိမ်းအဆီအနှစ်လို့ ကြားတာပဲ။ မင်းတို့တွေ ဝိညာဥ်ကျောက်စိမ်းကိုတော့ သိတယ်မလား? အပိုင်းသေးသေးလေးတစ်ခုတောင်မှ ငွေတုံး သိန်းနဲ့ သန်းနဲ့ချီပေးဝယ်ရတာ။ ဝိညာဥ်ကျောက်စိမ်းအဆီအနှစ်ကကျတော့ အရှားပါးဆုံး ဝိညာဥ်ကျောက်စိမ်းအမျိုးအစား တစ်ခုပဲ။ ဝိညာဥ်ကျောက်စိမ်းတွေရှိတဲ့ တွင်းတစ်တွင်းလုံးမှာတောင်မှ အဲ့အဆီအနှစ်က ဂျုံတစ်စေ့စာလောက်ပဲ တွေ့နိုင်တာ။ ဒါပေမယ့် ရှီအိမ်တော်က တစ်ခုကတော့ တော်တော်လေး ကြီးတယ်တဲ့။ အဲ့လောက်ဆို ဘယ်လောက်တန်မယ် ထင်လဲ?''

"ပြီးတော့လဲ မနေ့က ရှီအိမ်တော်ကို ကျောင်းအုပ်ကြီး၂ယောက် ဝင်သွားတယ်လို့ကြားတယ်။ ဒါပေမယ့် အဲ့၂ယောက် အကန်ထုတ်ခံလိုက်ရတယ်လေ, အိမ်ထဲမှာ ဘာတွေဖြစ်ခဲ့လဲ မသိဘူး။ ကျောင်းအုပ်၂ယောက် အသတ်ခံရတဲ့ ကိစ္စက အဲ့ရတနာနဲ့ ပတ်သတ်နေတာပဲဖြစ်မယ်။ အခု ရှီအိမ်တော်ရှေ့မှာ ရပ်နေကြတဲ့ ကျောင်းသားတွေက တကယ့်ငတုံးတွေပဲ။ သူတို့ကို သူတို့ အမှန်တရားအတွက် တိုက်ခိုက်နေကြတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေကြတာ"

"အလကားပါ ဘာမှမစဥ်းစားပဲ  လျှောက်လုပ်နေကြတာ, ဟားဟားဟား!"

သူတို့ပြောတာတွေကို နားထောင်ရင်း တင့်ချီ နေရာမှာတင် ရပ်နေမိတယ်။
(ကျောင်းအုပ်တွေ သေရတဲ့ တကယ့်အကြောင်းအရင်းမှန်က ဒီလိုပဲလား?)

ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားတယ်။ စကားပြောမရပ်တဲ့ လူတောင်မှ သူ့သူငယ်ချင်းရဲ့ လက်တို့ခံလိုက်ရကာ တစ်နေရာကို လိုက်ကြည့်လိုက်တယ်။ တင့်ချီလဲ ထိုနေရာကို လှမ်းကြည့်လိုက်တော့ လူတစ်စုက ဆိုင်ထဲကနေ ဖြတ်သွားကာ ရှီအိမ်တော်ဘက်ကို လျှောက်သွားကြတယ်။ ထိုလူတွေအားလုံးကို သူ သိတယ်, သူတို့တွေက ဒီမြို့ထဲက အင်အားကြီးမျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်တွေပဲ။ သူတို့နောက်မှာလဲ အစောင့်၁ယောက်စီ လိုက်လာကြသေးတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now