191 - 195

539 59 0
                                    

အပိုင်း-၁၉၁ (သလင်းရောင် ဝက်ဂုတ်သား)

ရှီယုတို့တွေ အရှေ့အင်ပါယာကို သွားနေစဥ်မှာပဲ အနောက်အင်ပါယာနဲ့ အရှေ့အင်ပါယာရဲ့ နယ်နိမိတ်ကြားက တောအုပ်လေးတစ်နေရာမှာလဲ မြင်းလှည်းတစ်စီး ဖြတ်သွားလို့နေတယ်။ နွေဦးနှောင်းပိုင်းကို ရောက်နေပြီမလို့ သစ်ရွက်တွေပေါ်မှာ မိုးရေစက်တွေ တင်ကျန်နေကာ လေပြည်လေညင်းတွေကနေတစ်ဆင့် သစ်ရွက်နံ့သင်းသင်းလေးကိုပါ ရနေတတ်တယ်။

ချင်းချန်က မြင်းလှည်းရဲ့ရှေ့ဆုံးမှာ ခြေချိတ်ပြီးထိုင်နေကာ လှည်းကို မောင်းနှင်လာတယ်။ တောအုပ်ရဲ့အဆုံးမှာတော့ မြစ်တစ်စင်းရှိနေကာ ထိုမြစ်ရဲ့ တစ်ဖက်ကမ်းမှာတော့ အရှေ့အင်ပါယာလို့ စာရေးထားတဲ့ ကျောက်ပြားကြီးတစ်ခုရှိနေတယ်။

မြစ်က အရှေ့အင်ပါယာနဲ့ အနောက်အင်ပါယာကို စီးခြားထားတဲ့ နယ်နိမိတ်တစ်ခုပဲ။ မြစ်က ကျယ်ပြောလွန်းကာ ဘာတံတားမှမရှိဘူး။ သူ့ရှေ့က မြင်ကွင်းကို မြင်ပေမဲ့ ချင်းချန်ရဲ့ အမူအရာက မှင်သေသေပဲ ဆက်ရှိနေကာ မြင်းလှည်းကို မောင်းလာတဲ့ အရှိန်ကလဲ ပုံမှန်အတိုင်းပဲ။ မြင်းလှည်းက မြစ်ရေထဲကို ခုန်ဆင်းလိုက်စဥ်မှာပဲ ရေခဲနဲ့ ဖန်တီးထားတဲ့ တံတားတစ်ခုပေါ်လာကာ မြင်းလှည်းဖြတ်ပြီးတာနဲ့ ထိုတံတားက အရည်ပျော်ကျသွားတယ်။

မြင်းလှည်းက အရှေ့အင်ပါယာရဲ့ နယ်နိမိတ်ဖြစ်တဲ့ မြစ်တစ်ဖက်ကမ်းကို ရောက်သွားတာနဲ့ ရှေ့ကို ဆက်သွားမလို့ပြင်နေစဥ်မှာပဲ လူတစ်ယောက်က လှည်းရှေ့ကို ပြေးဝင်လာတာကြောင့် ချင်းချန် မြင်းရဲ့ဇတ်ကြိုးကို တင်းတင်းဆွဲလိုက်ကာ လှည်းကိုရပ်လိုက်တယ်။

တားလိုက်တဲ့သူက မိန်းကလေး တစ်ယောက်ဖြစ်ပြီး သူမရဲ့ ကိုယ်ပေါ်မှာလဲ ဒဏ်ရာတွေနဲ့ ပြည့်နေကာ တစ်ကိုယ်လုံးကို  သွေးတွေနဲ့ ဖုံးလွှမ်းနေတယ်။

"အရှေ့အင်ပါယာက တော်ဝင်ကျောင်းတော်ကို ဘယ်လို သွားရမလဲ?''

ချင်းချန် ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်ကာ "မြောက်အရပ်ကို တည့်တည့်သွားလိုက်"

"ကျေးဇူးတင်ပါတယ်" သူမက ကျေးဇူးတင်စကားပြောပြီးမှ မြင်းလှည်းကို ကြည့်လိုက်ကာ "ကျ..ကျမ လှည်းကြုံလိုက်စီးလို့ရနိုင်မလား?ကျမကြောင့် ဒုက္ခရောက်ရမှာကိုတော့ စိတ်ပူစရာမလိုပါဘူး။ ကျမရဲ့ ရန်သူတွေက အဝေးကြီးမှာ ကျန်နေခဲ့ကြပြီ"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ