496 - 500 final

1.2K 74 4
                                    

အပိုင်း၄၉၆

ရှီယုနဲ့ဝမ်းဟန်ရဲ့လက်ထပ်ပွဲကို နှစ်ကုန်ပိုင်းမှာလုပ်ဖိူ့ဆုံးဖြတ်ကြပြီးနောက် ပြင်ပကမ္ဘာရဲ့သခင်နဲ့ ပုံရိပ်ယောင်ဂိုဏ်းရဲ့သခင်မလေးတို့ကြားက လက်ထပ်ပွဲဆိုပြီး ကျင့်ကြံသူများကြားမှာနာမည်ကြီးသွားတယ်။ထို့ပြင်လက်ထပ်ပွဲနေ့မှာ ပေါင်းစည်းခြင်းအဆင့်ကို ရောက်နေတဲ့သားရဲဗဟိုချက်အရေတွက်အများဆုံးလက်ဖွဲ့နိုင်တဲ့သူ၁ဝယောက်ကို အင်မော်တယ်တစ်ပိုင်းအဆင့်ထိ ပို့ပေးနိုင်တဲ့ဆေးလုံး၁၀လုံးကိုပါပေးမှာဖြစ်တာကြောင့် တစ်လောကလုံးမှာပါနာမည်ကြီးနေတာကြောင့် သားရဲတွေရော လူသားတွေရောပါလှုပ်ရှားဖို့ပြင်နေကြတယ်။

လက်ထပ်ပွဲရက်သတ်မှတ်ပြီးနောက် ရှီယုနဲ့ဝမ်းဟန်က ကောင်းကင်လောကကိုခရီးထွက်လာခဲ့ကြတယ်။ သူတို့၂ယောက် ကောင်းကင်လောကကိုရောက်တာနဲ့ နေရာအနှံ့ကိုပျာရည်ဆမ်းခရီးထွက်ခဲ့ကြတယ်။ သူတို့ရဲ့ပျားရည်ဆမ်းခရီးကို မင်္ဂလာပွဲမတိုင်ခင်တစ်လအလိုမှာပဲ အဆုံးသတ်လိုက်တယ်။ ထိုတောအတွင်း ဝမ်းဟန်ကလဲ သီးသန့်လေဟာနယ်ထဲကိုလွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာနိုင်တာကို ရှီယုသိရှိခဲ့တယ်။

"ဒီသီးသန့်လေဟာနယ်က တရားမဲ့ကျောက်နဲ့ဖန်တီးထားတာ ကိုယ့်ရဲ့အရှိန်ဝါကလဲ တရားမဲ့ချီဖြစ်နေတော့ သူကမငြင်းဆန်တာပုံမှန်ပဲလေ" ဝမိးဟန်က ပြောလိုက်တယ်။

အဲ့နောက် သူသီးသန့်လေဟာနယ်ထဲကိုဝင်ပြီးနောက်ပိုင်း ပြောင်းလဲမှုကြီးကြီးမားမားဖြစ်သွားခဲ့တယ်။ မူလကအဖြူရောင်မြူခိုးတွေနဲ့ဝန်းရံနေခဲ့တဲ့နေရာမှာ အိမ်တော်ကြီးတစ်ခုပေါ်လာခဲ့တယ်။ ထိုရုတ်တရက်ပေါ်လာတဲ့အိမ်တော်ကြီးကိုကြည့်ပြီး ရှီယုတစ်ယောက် ဆွံ့အ,မိနေချိန် ဝမ်းဟန်လဲအံ့ဩနေခဲ့တယ်။
"ဒီနေရာကစည်းချထားတာက ဘယ်လိုဖြစ်ပြီး ရှင်ရောက်လာတာနဲ့ပျောက်ကွယ်သွားရတာလဲ?"သူမအချိန်အတော်ကြာကြိုးစားခဲ့ပေမဲ့ ထိုနေရာကနေရာလွတ်ကြီးဆိုတာသာသိခဲ့ရတယ်..

"ဒါကိုယ့်ရဲ့မိသားစုပိုင်တာဖြစ်လို့နေမှာပေါ့"ဝမ်းဟန်က ခုထိမှင်တက်နေဆဲပင် "သားရဲနဲ့လူသားတွေကြားတိုက်ပွဲအပြီး ကိုယ်  စပြီး,နိူးထလာတုန်းက ကိုယ့်အဖေ, ဦးလေးလီနဲ့ကျန်တဲ့သူတွေချန်ရစ်ခဲ့တဲ့ရတနာတွေလိုက်ရှာခဲ့ပေမဲ့ လုံးဝရှာမတွေ့ခဲ့ဘူး။ကိုယ်က အဲ့တာတွေကိုသားရဲတွေဆီပါသွားပြီထင်နေခဲ့တာ ကြည့်ရတာ ဟိုအရင်းကတည်းက ကိုယ့်ဆီပြန်ရောက်နေခဲ့တဲ့ပုံပဲ"

You've reached the end of published parts.

⏰ Last updated: Dec 13, 2023 ⏰

Add this story to your Library to get notified about new parts!

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now