131 - 135

540 58 0
                                    

အပိုင်း-၁၃၁ (ကိုရီးယားထမင်းသုပ်)

ပန်းပင်တွေရဲ့နောက်နားမှာတော့ ကျောက်တုံး ကျောက်ဆောင်တွေ အစုလိုက်ရှိနေကြတယ်။ ရှီယု ရှောင်ချီကို ပန်းပင်တွေကြားမှာ မမြင်ရတော့ ကျောက်ဆောင်တွေဘက်ကို သွားရှာလိုက်တယ်။

"ရှောင်ချီ" သူမ ရှောင်ချီ ဝေးဝေးမသွားလောက်ဘူးလို့ ထင်ကာ ရှောင်ချီရဲ့ နာမည်ကို အော်ခေါ်လိုက်တယ်။

ရှီယု ကျောက်ဆောင်တွေရဲ့ အတွင်းပိုင်းထိရောက်လာပေမယ့်လဲ ရှောင်ချီကို ရှာမတွေ့သေးတာကြောင့် ရှောင်ချီ ချောက်ထဲများပြုတ်ကျသွားပြီလားဆိုတဲ့ အတွေးဝင်လာကာ စိုးရိမ်သွားတယ်။

ထိုအချိန်မှာပဲ ရှောင်ချီရဲ့ရယ်သံကို သူမ ခေါင်းပေါ်ကနေ ကြားလိုက်ရတယ် "မမ, ညီမလေး ဒီမှာလေ။ မမ ညီမလေးကို မရှာနိုင်ဘူးဆိုတာ သိသားပဲ"

ရှီယု အပေါ်မော့ကြည့်လိုက်တော့ ကျောက်ဆောင်ပေါ်မှာ ထိုင်ကာ ရယ်နေတဲ့ ရှောင်ချီကို တွေ့လိုက်ရတယ်။

ရှောင်ချီ အဆင်ပြေနေတာကို မြင်တော့ ရှီယုမှာ စိတ်အေးသွားရတယ်။ တကယ်လို့ တသ်ယောက်ယောက်ကသာ သူမကို လက်စားချေချင်တယ်ဆိုရင် ရှောင်ချီကို အရင်ရန်ရှာကြမှာပဲ။

"ငါ့မှာ နင်ပျောက်သွားပြီထင်ပြီး လန့်သွားတာပဲ။ နောက်တစ်ခါ ဒီလို လျှောက်မပြေးနဲ့တော့။ အထူးသဖြင့် ဒီလိုနေရာမျိုးကို တစ်ယောက်တည်း မလာနဲ့တော့။ လာ, အောက်ကို ခုန်ချလိုက်။ မမ ဖမ်းပေးထားမယ်" ရှီယု ရှောင်ချီကို နောက်တစ်ခါ ဒီလိုလျှောက်မသွားအောင် သေချာပြောထားမှဖြစ်မယ်လို့ တွေးလိုက်တယ်။

ရှီယု ရှောင်ချီကို ခေါ်ပြီး အပြင်ထွက်မလို့လုပ်တော့ သူမ သွားနေတဲ့ လမ်းက လမ်းမှားနေမှန်း သတိထားမိသွားကာ နောက်ပြန်လှည့်မလို့လုပ်တုန်း စကားသံတွေကို ကြားလိုက်ရတယ်။

"သခင်လေးဝမ်ဆီမှာ မျက်မှာသာပေးခံရအောင် ဘာဘက်ဆောင်ပေးရမလဲ မသိဘူး" တစ်ယောက်က စိတ်ညစ်နေတဲ့ပုံနဲ့ ပြောလိုက်တယ်။

"မင်း သခင်လေးဝမ် အကြိုက်ကို မသိဘူးလား?" နောက်တစ်ယောက်က မေးလိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now