161 - 165

575 60 0
                                    

အပိုင်း-၁၆၁ ( မှို,ဝက်သားရောကြော်)

လင်းဖန်နဲ့ဖုန်းလျိုတို့တွေ အသက်လုပြီး တိုက်ခိုက်နေကြချိန်မှာ စိတ်ဝိညာဉ်သားရဲတောင်ပေါ်မှာ ရှိနေတဲ့ ရှီယုလဲ အ​ဖြေတစ်ခုကို စဥ်းစားလို့ရသွားတယ်။

"ငါရဲ့ ချက်ပုံချက်နည်းတွေက ရှုပ်ထွေးလွန်းသွားတာလား?" ရှီယု ကြောင်ဝတုတ်ကို မေးလိုက်တယ် "ငါ ဟင်းပွဲတွေ အများကြီးကို ချက်နည်းမျိုးစုံနဲ့ ချက်ကြည့်လိုက်လို့များ အရသာကောင်းကောင်းထွက်မလာတာလား?"

စိတ်ဝိညာဉ်သားရဲရဲ့ အသားနဲ့ ဟင်းပွဲတွေ ဖန်တီးရတာက သူမအတွက် အရမ်းကို စိမ်းသက်လွန်းတယ်။ အရင်က သူမ ချက်ခဲ့တဲ့ အစားအသောက်တွေက အဆင့်၁ဆင့်ချင်းစီတိုင်းကို သေချာ တိတိကျကျချက်ထားတာတွေချည်းပဲ။ ဘာပြီးရင် ဘာထည့်ရမယ်, ဟင်းခတ်အမွှေးအကြိုင်တွေကို ဘယ်လောက်ပဲ သုံးရမယ်, ဆီကို ဘယ်လောက်ပဲထည့်ရမယ်ဆိုတာမျိုးတွေပေါ့။ ဒါပေမယ့် စိတ်ဝိညာဥ်သားရဲရဲ့ အသားကတော့ မတူဘူး။ သူမ စိတ်ကြိုက်ပုံစံမျိုး ချက်ကြည့်ရင် အရသာက သိပ်မဆိုးပေမယ့်လဲ စွမ်းအားတွေ အများကြီးပါလာအောင်ဆိုပြီး ချက်လိုက်ရင် အရသာ သိပ်မရှိတော့ဘူး။

"ဆရာ ဒီမှာရှိနေရင်ကောင်းမှာပဲ"
သူမရဲ့ ဆရာက သားရဲမျိုးစုံကို စားဖူးတဲလူဖြစ်တာကြောင့် သူမရဲ့ ဆရာသာဆို ဘယ်လိုပုံစံမျိုးနဲ့ ချက်သင့်တယ်ဆိုတာကို အကြံပေးနိုင်မှာပဲ။

ရှီယု အဲ့လိုတွေးနေစဥ်မှာပဲ သူမရဲ့ ဒန်ထျန်က လှုပ်ရှားသွားတာကြောင့် ရှီယု ကြည့်ကြည့်လိုက်တော့ အဆင့်မြှင့်နေလို့ အကြာကြီး ဝင်ခွင့်ပိတ်ထားတဲ့ သီးသန့်လေဟာနယ်က နောက်ဆုံးတော့ ဝင်လို့ရသွားပြီဆိုတာကို တွေ့လိုက်ရတယ်။ ရှီယု အထဲကို ချက်ချင်း ဝင်ကြည့်လိုက်တော့ တော်တော်များများက ပြောင်းလဲသွားတာကို တွေ့လိုက်ရတယ်။

ကျောက်စိမ်းစားပွဲနဲ့ စာအုပ်ကတော့ အရင်အတိုင်း ဘာမှမပြောင်းမလဲပေမယ့် နေရာတစ်ခုလုံးက အရင်ထက် အများကြီး ပိုကျယ်လာတယ်။ ပြီးတော့လဲ အရင်က မြူတွေချည်းပဲရှိနေရာကနေ အခု မြူခိုးတွေကြားမှာ အိမ်တွေ တောင်တန်းတွေရဲ့ ပုံရိပ်ယောင်တွေကို တွေ့လိုက်ရတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now