456 - 460

364 39 0
                                    

အပိုင်း၄၅၆

တောင်ပေါ်ကတိမ်မည်းတွေပိုမိုသိပ်သည်းလာတာနဲ့ အကြီးကဲတွေကဖုန်းယန်ကိုသွားကာကွယ်ဖို့ပြင်နေကြတယ်။ရှီယု ထိုလူတွေကိုထွက်သွားခွင့်ပေးလို့မဖြစ်တာကြောင့် နာကျင်စွာအော်ဟစ်လိုက်ရင်း မီးတောက်၃ခုကိုပိုမိုကြီးထွားစေဖို့ရာအမိန့်ပေးလိုက်တယ်။မီးတောက်ကြီးက ဟုန်းခနဲကြီးထွားလာတာကိုတွေ့တော့ သားရဲတွေမှာယဇ်ပုလ္လင်ဘက်ကိုပဲထပ်မံအာရုံစိုက်မိသွားပြီး ဖုန်းယန်ကတော့သူ့ရဲ့မီးတောက်အစွမ်းပိုမိုအားကောင်းလာတယ်လို့တွေးနေပြီး ပျော်ရွှင်လာတယ်။

ရှီယုဘေးကဟွမ်ဂိုဏ်းခေါင်းဆောင်ကပြောလိုက်တယ် "မင်းရဲ့မီးဝိညာဥ်တွေကိုတစ်ဆင့်ချင်းသွားဖို့ပဲပြောလိုက်မဟုတ်ရင်သူတို့ရိပ်မိသွားလိမ့်မယ်"

"စိတ်ပူစရာမလိုပါဘူး။ကျမရဲ့ဝိညာဥ်နဲ့သူတို့ကိုကာကွယ်ပေးထားပြီးပြီ"မီးတောင်အတွင်းထဲမှာဘာတွေဖြစ်နေလဲဆိုတာတောင်သူမသေချာသိနေသေးတယ်။

ထိုအချိန်မှာပဲ အမည်းရောင်တိမ်တွေကြားမှာ ခရမ်းရောင် မိုးကြိုးတွေပေါ်လာပြီး နန်းတော်ဘက်ကိုပစ်ချလိုက်တယ်။ ရှီကျင်း သူ့လက်ထဲကဓားကိုတင်းတင်းဆုပ်ကိုင်ကာ ထိုခရမိးရောင်မိုးကြိုးတွေကိုသေချာစောင့်ကြည့်နေလိုက်တယ်။၁၅ကြိမ်မြောက်မိုးကြိုးပစ်ချလုဆဲဆဲမှာပဲ ရှီကျင်းထိုနေရာကိုချက်ချင်းခုန်ထွက်သွားတယ်။ဘေးမှာစောင့်နေကြတဲ့သားရဲတွေမှာ အရိပ်တစ်ခုဖြတ်ဝင်သွားပြီးနောက် မိုးကြိုးတွေဆက်မပစ်ချတော့တာကိုတွေ့လိုက်ကြတယ်။
"ဘာတွေဖြစ်နေတာလဲ?!"သားရဲတွေမှာ အခြေနေကိုစုံစမ်းဖို့ရာပြင်နေစဥ်မှာပဲ ခရမ်းရောင်မိုကြိုးတွေက မီးတောင်ရှိရာဘက်ကိုရောက်သွားပြီး မီးတောင်ထိပ်တည့်တည့်ကိုပစ်ချလိုက်တာကိုတွေ့လိုက်ရတယ်။မီးတောက်နဲ့မိုးကြိုးတွေ့သွားချိန်မှာ မီးတောင်ကြီးတစ်ခုလုံး တုန်ခါသွားကာ၂ခြမ်းကွဲသွားခဲ့တယ်။

ရှီယု မီးတောင်အောက်ခြေမှာတစ်စုံတစ်ရာနိူးထလာတာကိုသတိထားမိသွားကာ ဂိုဏ်းခေါင်းဆောင်ကိုမေးလိုက်တယ် "ခေါင်းဆောင် ချီဟွမ်တောင်ခြေမှာဘာရှိနေတာလဲ?"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now