361 - 365

451 45 0
                                    

အပိုင်း၃၆၁

ကျန်းပန်ဖေးတစ်ယောက် ရှီယုဆီ ၉လောကကပြန်စာရောက်လာတဲ့အထိ ပေါ်မလာခဲ့ပေ။
(ငါပဲ မှားတွက်မိတာလား? ထားပါတော့..နောက်တစ်ခါတွေ့ရင် သိရမှာပဲ..)

ရှီယု စာကိုဖွင့်ဖတ်ကြည့်လိုက်တော့ အရှေ့အင်ပါယာက ထျန်းရွှမ်းအင်ပါယာနဲ့အောင်မြင်စွာပူးပေါင်းလိုက်ပြီပင်။ လောင်အာကတော့ ရှောင်ရှုနဲ့အတူခရီးထွက်နေဆဲဖြစ်ကာ ရှောင်ရှုကတော့ ကျောင်းမှာထိပ်တန်းကျောင်းသားဖြစ်နေပြီပင်။သူမနောက်မှာ ဦးလေးဝမ်က လိုက်ပြီးစောင့်ရှောက်ပေးနေခဲ့တယ်။ ဝိညာဥ်သားရဲတောင်ပေါ်မှာရှိနေကြတဲ့ အဘိုးတို့လဲ ကျန်းမာရေးကောင်းကြတယ်။

သူမ စာကိုဖတ်ကြည့်ပြီးနောက် တုန်းဖန်ကျန်းတစ်ယောက် ရွှမ်းယင်နဲ့ခုထိ မတွေ့ရသေးဘူးဆိုတာသိသွားတယ်။
ရှီယု သူမဘေးမှာရှိနေတဲ့ ချန်းယန်ချူကိုကြည့်လိုက်ကာ "စီနီယာချန်း ဒီစာကိုဘယ်သူပို့လိုက်တာတဲ့လဲ?"

ချန်းယန်ချူ-"၉လောကက ကျင်းမျိုးနွယ်ကတစ်ယောက်တဲ့"

ရှီယု ဘယ်သူမှန်းသိသွားကာ "ဒီစာကိုပို့ပေးတဲ့သူ အခုဘယ်မှာလဲ?"

ချန်းယန်ချူ-"သူ စာပို့တုန်းက လိပ်စာထားခဲ့တယ်။ငါ မင်းကိုလိုက်ပို့ပေးမယ်"

သိပ်မကြာခင်မှာပဲ ရှီယုတို့တွေ ခြံတစ်ခြံထဲကိုရောက်ရှိသွားတယ်။ ရှီယု ရွှေရောင်ဝတ်စုံကို ဝတ်ထားတဲ့ ကျင်းမင်ကိုမြင်တာနဲ့ လှမ်းခေါ်လိုက်တယ် "ကျင်းမင်!"

ကျင်းမင်တစ်ယောက် ရှီယုအသံကိုကြားတော့ လှည့်ကြည့်လိုက်ကာ "ဒီစာက မင်းအတွက်ဖြစ်နေမယ်လို့ထင်သားပဲ"

ရှီယု-"လိုရင်းပဲပြောတော့မယ်။လွန်ခဲ့တဲ့၆လက ရွှမ်းယင်လို့ခေါ်တဲ့မိန်းကလေးတစ်ယောက် ၉လောကကိုရောက်လာသေးလား?"

ကျင်းမင်-"ဟင့်အင်း ဒါပေမဲ့လွန်ခဲ့တဲ့၆လက နေရာရွှေ့ပြောင်းတဲ့ရောင်စဥ်ထဲမှာ ရတနာရှာတဲ့ကိစ္စတစ်ခုဖြစ်သွားသေးတယ် တချို့ကသေကုန်ပြီး တချို့တွေကတော့ လေဟာနယ်လှိုင်းထဲကိုရောက်သွားကြတယ်။မင်းရှာနေတဲ့တစ်ယောက်လဲ မတော်တဆတစ်ခုခုဖြစ်သွားတာဖြစ်မယ်"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now