126 - 130

600 66 1
                                    

အပိုင်း-၁၂၆ (Matchaအရသာရေခဲမုန့်)

လင်းဖန် အိပ်ယာပေါ်မှာ ဝင်ထိုင်လိုက်ကာ "ငါ နေသားမကျလို့" သူက အမြဲတမ်း တစ်ယောက်တည်း အိပ်လာတာဆိုတော့ အခုလို တသ်ယောက်ယောက်နဲ့ တစ်ကုတင်တည်းအတူအိပ်ရမှာကို အသားမကျဘူးဖြစ်နေတယ်။

ဖုန်းလျိုက ဘာမှမထူးခြားသလို ပြောလိုက်တယ် "နောက်ကျလဲ မိန်းမယူမှာပဲကို ဘာတွေအထူးအဆန်းဖြစ်နေတာလဲ? ပုံမှန်ဆို မင်းမိန်းမနဲ့ တစ်ခန်းထဲအတူတူအိပ်နိုက်ပေမယ့်လဲ မင်းသာ အမှားလုပ်မိရင်တော့ အခန်းအပြင်ဘက်မှာပဲ ဒူးထောက်နေရလိမ့်မယ်။ ငါ့အဖေဆို အမှားလုပ်မိတိုင်း အပြင်ဘက်မှာ ဒူးထောက်ပြီး အပြစ်ပေးခံရနေကြ"

လင်းဖန်ရဲ့ခေါင်းထဲမှာ ဦးလေးဖုန်းက အခန်းအပြင်ဘက်မှာ ဒူးထောက်ပြီး တောင်ပန်နေတဲ့ ပုံရိပ်ကြီးဝင်လာတယ်။ ဒေါ်လေးဖုန်းလို နူးညံ့တဲ့သူမျိုးက အဲ့လိုမျိုး အပြစ်ပေးတတ်တယ်လို့ မထင်ထားဘူး။ သူ့ရဲ့ အနာဂတ်ဇနီးကရော ဘယ်လိုပုံစံပါလိမ့်လို့ လင်းဖန် စဥ်းစားလိုက်တယ်။

လင်းဖန်ငိုင်နေသေးတာကို မြင်တော့ အိပ်ငိုက်နေတဲ့ ဖုန်းလျိုက ပြောလိုက်တယ် "ငါ အိပ်တော့မယ်။ မင်း အိပ်ယာပေါ်မှာ မအိပ်ချင်ဘူးဆိုလဲ ကြမ်းပြင်ပေါ်မှာ သွားအိပ်လိုက်တော့" ပြောပြီးတာနဲ့ စောင်ကို ခေါင်းအထိဆွဲခြုံလိုက်ကာ အိပ်လိုက်တယ်။

လင်းဖန်တစ်ယောက် ဖုန်းလျိုရဲ့ အိပ်နေတာကို ကြည့်ကာ တွေဝေနေပြီးမှ သူပါ အိပ်ယာထဲ ဝင်အိပ်လိုက်တယ်။

အခုက ဆောင်းဝင်လာပြီဖြစ်လို့ ရာသီဥတုက အေးပေမယ့်လဲ ကျင့်ကြံသူတွေဖြစ်ကြတာကြောင့် သူတို့တွေ အအေးဒဏ်ကို သိပ်မခံစားရဘူး။ ဖုန်းလျိုက အကျင့်ပါနေလို့သာ စောင်ခြုံလိုက်ခြင်းဖြစ်တယ်။

လင်းဖန်လဲ ခေါင်းအုံးနဲ့ခေါင်းထိလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားတယ်။ 

အာရုဏ်တက်တာနဲ့ မနက်စောစောထနေကြ လင်းဖန်တစ်ယောက် မျက်လုံးတွေ ပွင့်လာတယ်။ သူ အိပ်ယာက ထမလို့ပြင်လိုက်တော့ တစ်ယောက်ယောက်က သူ့ကိုယ်ကို ရေဘဝဲလိုအတင်းဖက်ထားတာကြောင့် ထလို့မရဘူးဖြစ်သွားတယ်။  လင်းဖန် တစ်ကိုယ်လုံး တန့်သွားကာ ဖုန်းလျိုကို နှိုးမလို့ တစ်ဖက်ကိုလှည့်လိုက်တော့ ဖုန်းလျိုရဲ့ခေါင်းက သူ့ပခုံးပေါ်မှာ ရောက်နေကာ သူတို့၂ယောက်ရဲ့ မျက်နှာတွေကလဲ 1cmလောက်ပဲ ကွာတော့တာကို တွေ့လိုက်ရတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now