21 - 25

829 80 1
                                    

အပိုင်း-၂၁ (နှင်းယုန်သား)

လူသားတွေက ယှဉ်ပြိုင်လိုစိတ် ပြင်းထန်တဲ့ သတ္တဝါတွေပဲ....

သူတို့အားလုံးက လစာအတူတူ ရနေကြတာတောင်မှဘဲ အကောင်းဆုံး ဖြစ်ချင်နေကြ
ဆဲပဲ..

ဒီစားဖိုမှူးတွေလဲ အတူတူပါပဲ။ သူတို့အားလုံးမှာ တူညီတဲ့ ပန်းတိုင်တွေ ရှိနေကြတာကြောင့် တစ်ယောက်ကိုတစ်ယောက် အပိုဆုကြေးတွေ အတွက် ပြိုင်ဆိုင်နေတဲ့ ပြိုင်ဘက်တွေ အဖြစ် သတ်မှတ်ထားကြတယ်။

စာရင်းတွေ ဆက်ဖတ်နေတော့ တချို့သူတွေက ပျော်နေကြချိန်မှာ တချို့သူတွေကတော့ စိတ်ပျက် နေကြကုန်တယ်။

အတူတူ အလုပ်လုပ်နေကြတာ တောင်မှ တချို့တွေက ပွဲ၃၀၀ ကျော်လောက် ရောင်းနေရချိန်မှာ တချို့က ပွဲ၁၀၀လောက်ပဲ ရောင်း နိုင်ကြတယ်။ ဟင်းပွဲတွေရဲ့ ဈေးနှုန်းကလွဲရင် မတူကြတာ ဆိုလို့ အဲ့ဟင်းပွဲတွေရဲ့ ကျော်ကြား မှုပဲ။

သူတို့ ကြိုးကြိုးစားစား လုပ်နေတာတောင်မှ ထင်သ လောက် မအောင်မြင်ဘူးဆိုတော့ လူတချို့က စိတ်ညစ်ပြီး ရှက်ရွံ့နေကြတယ်။

"ဒီနေ့ ရလဒ်က သိပ်မဆိုးပါဘူး။  မနက်ဖြန်ကစပြီး လူတိုင်း ဒီနေ့ လိုပဲ ကြိုးစားကြဖို့ မျှော်လင့်ပါ
တယ်။ အဲ့တာကြောင့်မလို့ ကျမ ရှင်တို့ကို အချိန်၃ရက်ပေးမယ်။ တကယ်လို့ ၃ရက်အတွင်း  ဒီနေ့လောက် မရောင်းရဘူးဆိုရင်
တော့ အဲ့လူတွေကို အလုပ်ဖြုတ်
ပစ်မယ်။"

"၃ရက်...? အဲ့တာက အရမ်း မတိုလွန်းဘူးလား?'' စားဖိုမှူး တစ်ယောက်က ဝင်ပြောလိုက် သည်။

"အဲ့လိုဆို ရှင်က ဘယ်နှရက် လောက် လိုချင်တာလဲ?''

"အနည်းဆုံး လဝက်လောက်ပေါ့''

"မရဘူး။ ၅ရက်.."
(တကယ်လို့ ငါသာ လဝက်လောက်ကြီး စောင့်နေရရင် ဒီနေ့အလကားကျွေးလိုက်ရတာ က ဘာထူးတော့မှာလဲ?)

ခဏလောက် စဉ်းစားပြီးနောက် ရှီယု စာရွက်တွေ ထုတ်ယူလိုက် ကာ "ဒါတွေက ရှင်တို့ ဒီနေ့ချက်ခဲ့ တဲ့ ဟင်းပွဲတွေပဲ။ ကျမ နည်းနည်း လောက် ပြန်ပြင်ပေးထားတယ်။ ကျမ ဒီမှာပဲ ထားပေးခဲ့မယ်။ခဏနေကြရင် ရှင်တို့ဘာသာ ယူကြည့်ကြပေါ့။ ဘာမှ
ပြောစရာမရှိတော့ဘူးဆိုရင် ပြန်လို့ရပြီ"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now