96 - 100

641 70 0
                                    

အပိုင်း-၉၆(ဂဏန်းသားဖက်ထုပ်)

လင်းအိမ်ယာထဲက မြေနေရာ
ကျယ်ဝန်းပြီး သပ်သပ်ရပ်ရပ်
တည်ဆောက်ထားတဲ့ခြံဝန်းထဲမှာ
ဆော့ ရွှယ်အစ်ညီမ၂ယောက်နေ
ထိုင်ကြတယ်။ ပင်မအိမ်တော်ရယ် အရှေ့အိမ်တော်ရယ် အနောက်
အိမ်တော်ရယ်ပြီးရင် သူတို့နေနေ
တဲ့ အိမ်တော်က လင်းမျိုးနွယ်ရဲ့ အကောင်းဆုံးအိမ်တော်ပဲ။

နွေလယ်ရောက်နေပြီဖြစ်လို့ နွယ်ပင်တွေကလဲ ကြည့်လို့လှနေ
ကြတယ်။နံရံကပ်နွယ်ပင်တွေ
ပေါ်မှာ ပွင့်နေတဲ့ ပန်းပွင့်တွေ
ကြောင့် ခြံဝန်းကြီးက အရမ်း
ကြည့်လို့လှနေတယ်။ခြံထဲက ဥယျာဥ်လေးထဲမှာတော့ လေညင်း
ခံလို့ရအောင် ထားထားတဲ့ ခုံတန်း
လေးတွေရှိနေတယ်။ ထိုစားပွဲဝိုင်း
လေးမှာ ရွှယ်ညီမ ၂ယောက်က ထိုင်နေကြတယ်။

ခြံဝန်းတစ်ခုလုံးက တိတ်ဆိတ်ပြီး
အေးချမ်းလို့နေပေမယ့် ရွှယ်ချင်းရုံ
ရဲ့ ရင်ထဲမှာတော့ ပူလောင်နေ
တယ်။

"မမ, ညီမလေးတို့ ဒီကိုရောက်နေ
တာ ဘယ်လောက်ကြာနေပြီလဲ? ဘာလို့ လင်းဖန်က ညီမလေးတို့ကို
လာမတွေ့ရတာလဲ?အနည်းဆုံး တော့ သူ ညီမလေးတို့ကို မြို့ထဲ
လေးဘာလေး လိုက်ပို့ပေးသင့်တာ
ပေါ့! ပြီးတော့ ဟိုရှီယုဆိုတဲ့ တစ်ယောက်က ဒီမှာ နေနေတာ
လားမသိဘူး?သူက ဘာလို့ လင်းဖန်နဲ့အတူတူနေနေရတာလဲ? ယောက်ျားလေးတစ်ယောက်နဲ့ တစ်အိမ်ထဲအတူတူနေနေတာ မရှက်ဘူးလားမသိဘူး?''

ရွှယ်ချင်းရုံတစ်ယောက် ရှီယုရဲ့ အရှက်မရှိပုံကို တွေးရင်းနဲ့ ကျိန်ဆဲ
နေမိတယ်။

ဒီလိုခေတ်ကြီးထဲမှာ မိန်းကလေး
တွေပေါ်မှာ ထားတဲ့ စည်းမျည်း
စည်းကမ်းတွေက များပြားလွန်း
တယ်။ အထူးသဖြင့် အားနည်းတဲ့
သူတွေပေါ်မှာပေါ့။ ယောက်ျားလေးနဲ့ မိန်းကလေး တစ်မိုးအောက်မှာ အတူတူနေတာ
ကို မကန့်ကွက်ပေမယ့်လဲ အဲ့လို
နေတာကို အပြစ်ပြောလိုတဲ့ သူတွေကတော့အများကြီးရှိတယ်။

"နောက်ပိုင်း ရှီယုနဲ့ပတ်သတ်ပြီး မကောင်းပြောတာတွေ ဆင်ခြင်
တော့ ပြီးတော့ သူ့ကို ပိုပြီး လေးလေးစားစား ဆက်ဆံလိုက်" ရွှယ်ချင်းကောက အသံတိုးတိုးနဲ့
ပြောလိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now