116 - 120

617 71 0
                                    

အပိုင်း-၁၁၆ (ယောက်သွားကင်)

လဝက်လောက်ကြာသွားတာတောင်မှပဲ သူတို့အားလုံး ရှီယုသတင်းကို မကြားကြသေးဘူး။ ဝိညာဥ်ကျောက်စိမ်းသာ အကောင်းတိုင်းရှိမနေခဲ့ရင် ရှီယုမှာ ဆိုးရွားတာ တစ်ခုခုဖြစ်နေတယ်လို့ထင်မိကြမှာပဲ။

၂လခွဲကြာနေပြီဖြစ်လို့ တော်ဝင်ကျောင်းတော်ကလဲ ကျောင်း ပြန်ဖွင့်နေပြီဖြစ်တယ်။ ဖုန်းမြို့တော်ကို လာကြတဲ့ ကျောင်းသားတွေလဲ ကျောင်းပြန်ဖွင့်နေပြီဖြစ်လို့ ပြန်သွားကြတယ်။

ဖုန်းမျိုးနွယ်ကို တိုက်ခိုက်ဖို့ကြိုးစားတဲ့ ရွှယ်မျိုးနွယ်နဲ့ကျန်တဲ့မျိုးနွယ်စုတွေက ဖုန်းမျိုးနွယ်ကို လာတောင်းပန်လိုက်ကြတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို လျော်ကြေးအဖြစ်ပေးကာ လာတောင်းပန်ကြတယ်။ ဖုန်းအကြီးအကဲက ကျန်တဲ့ မျိုးနွယ်တွေပေးတဲ့ လျော်ကြေးကို လက်ခံပြီး ခွင့်လွှတ်လိုက်ပေမယ့် ရွှယ်မျိုးနွယ်ကိုတော့ ခွင့်မလွှတ်ဘူး။ ဖုန်းအကြီးအကဲက ရတဲ့လျော်ကြေးငွေတွေကို ခွဲဝေးပြီး  ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီ ထောက်ပံ့ပေးလိုက်တယ်။ ကျန်တဲ့ ငွေတွေကိုတော့ ဖုန်းမြို့တော် ပြန်လည်ပြုပြင်ဖို့ရယ် တိုက်ပွဲဝင်ဖို့ကူညီပေးကြတဲ့သူရဲကောင်းတွေကို ထောက်ပံ့ပေးဖို့ရယ်သုံးလိုက်တယ်။

အကြီးအကဲဖုန်းက ရွှယ်မျိုးနွယ်ကိုတော့ သူတို့ရဲ့ အပြစ်ကြွေးအတွက် ပြန်ပေးဆပ်ခိုင်းမလို့ စဥ်းစားထားပေမယ့်လဲ တော်ဝင်မျိုးနွယ်ကလဲ ကြားဝင်ကာ ကိုယ်စားတောင်းပန်လိုက်ကြတယ်။ ရွှယ်ချင်းကောက အိမ်ရှေ့စံနဲ့ လက်ထပ်တော့မှာမလို့ ရွှယ်မျိုးနွယ်ကို ခွင့်လွှတ်ပေးပါဆိုပြီးတော့ပေါ့။

တော်ဝင်မိသားစုကြောင့် ဖုန်းအကြီးအကဲလဲ မတတ်သာဘဲ နောက်ဆုတ်ပေးလိုက်ရတယ်။ ဒါပေမယ့် သူ ရွှယ်မျိုးနွယ်ကို ခွင့်မလွှတ်နိုင်တာကြောင့် လျော်ကြေးတွေ မတန်တဆတောင်းပစ်လိုက်တယ်။

ရှောင်လျူနဲ့ရှောင်ဝူကို စိတ်ဝိညာဉ်သားရဲတောင်ကို ပြန်ပို့ပေးပြီးတာနဲ့ လင်းဖန်လဲ ကျောင်းကိုပြန်လာခဲ့လ်ုက်တယ်။ ရှောင်ချီကတော့ သူမရဲ့အရည်အချင်းတွေကို အလဟသတ်မဖြစ်စေလိုတာကြောင့် လင်းဖန် သူမကို ကျောင်းကိုခေါ်လာခဲ့လိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now