446 - 450

353 38 0
                                    

အပိုင်း ၄၄၆

ထိုညမှာ ရွှမ်းယင်နဲ့ချင်းချန်တို့ လွတ်လွတ်လပ်လပ်စကားပြောလို့ရအောင် ရှီယု ဝမ်းရှန်ကိုခေါ်ပြီးအပြငိထွက်လာကာ ထိုနှစ်ယောက်အတွက်ရှောင်ပေးလိုက်တယ်။
ရွှမ်းယင် ချင်းချန်ကိုသွားတွေ့လိုက်ကာ "စကားပြောရအောင်"

"ဘာမှပြောစရာမရှိဘူး"

"စီနီယာအစ်ကို!" ရွှမ်းယင်က ချင်းချန်ရဲ့အင်္ကျီလက်ကို လှမ်းဆွဲလိုက်တော့ချင်းချန်ကရှောင်လိုက်တာကြောင့် "ကိုယ့်ကိုယ်ကိုယ်လေးစားစမ်းပါ"

ရွှမ်းယင် ချင်းချန်ရဲ့ရှောင်ဖယ်သွားတဲ့ပုံကိုတွေ့ရတော့ နာကျင်သွားပုံပေါ်ကာ "စီနီယာအစ်ကို ကျမခုတလောပြောင်းလဲသွားတာကိုသတိထားမိတယ်မလား? အစ်ကို ကျမကိုခုလိုရှောင်နေတာ အစ်ကိုလဲတစ်ခုခုကိုသိထားပြီးပြီမလို့မဟုတ်လား?"

ချင်းချန် မျက်နှာသေနဲ့ပဲပြန်ဖြေလိုက်တယ်"အဲ့တော့ရောဘာဖြစ်လဲ?"

"တကယ်ဟုတ်နေတာပဲ"ရွှမ်းယင်ရဲ့နှလုံးသားထဲမှာလေးလံနေတဲ့ကျောက်တုံးက မြေပေါ်ကျသွားသလိုခံစားလိုက်ရတယ် "အဲ့တော့ အဲ့တာတွေကတကယ်ဖြစ်ခဲ့တာလား?"

ချင်းချန် ဘာမှပြန်မဖြေတာကိုတွေ့ရွှမ်းယင်လက်လျှော့လိုက်ကာ "ထားပါတော့ အဲ့တာတွေကတကယ်ဟုတ်ဟူတ် မဟုတ်ဟုတ်အရေးမကြီးတော့ပါဘူး။ စီနီယာအစ်ကို ဒီနေ့အဖြေတစ်ခုကိုရှင်းရှင်းလင်းလင်းပြောရင် ကျမ ရွှမ်းယင် ဒီနေ့ကစပြီး စီနီယာကိုမနှောက်ယှက်တော့ဘူး"

ဒီလိုမတငိမကျအခြေနေကြီးက သူမကိုစွဲလမ်းစိတ်တွေဖြစ်လာစေတယ်။အဲ့တော့အကောင်းဆုံးနည်းလမ်းက ဒီအရှုပ်ထွေးကြီးကိုမြန်မြန်ဖြေရှင်းပစ်တာပဲ။ အဲ့အတွက်ဘယ်လိုအကျိုးဆက်မျိုးပဲဖြစ်လာပါစေ သူမလက်ခံနိုင်တယ်။

ရွှမ်းယင်ဆိုတဲ့သူမက ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်နိုင်တယ်!

....

ရှီယုက ဝမ်းရှန်ကိုခေါ်ပြီးပင်လယ်ဘက်ကိုလျှောက်ကြည့်နေကြစဥ် အတွေးတွေများပြီးပူပန်နေမိတယ်။

(ရွှမ်းယင်က အတိတ်ကိုပြန်မှတ်မိနေရင် ချင်းချန်လဲမှတ်မိနေမှာပဲ။
ဒါဆိုဝမ်းဟန်ရော...?သူရောအတိတ်ကကိစ္စတွေကိုပြန်မှတ်မိနေတာလား?)
ရှီယု ကိစ္စတွေရှုပ်ထွေးလာတာကိုသိရတော့ ခေါင်းရှုပ်လာကာလောလောဆယ်ဆက်မစဥိးစားတော့ဖို့ဆုံးဖြတ်လိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now