206 - 210

506 56 0
                                    

အပိုင်း-၂၀၆ (ပြောင်းဖူးဖုတ်)

ဦးလေးဝမ်က ဟွမ်းထိုင်ချူရဲ့ အမိန့်ဆို အမြဲနာခံနေကြဖြစ်တာကြောင့် ဒီတစ်ကြိမ်လဲ အတူတူပဲ။

သူတို့တွေ ၉လောကကို မလာခင်တုန်းက မျိုးနွယ်စုခေါင်းဆောင်က ဦးလေးဝမ်ကို ကျောက်စိမ်းပြားတစ်ခု ပေးခဲ့တယ်။ အရေးပေါ်အခြေအနေမျိုးမှာ ထိုကျောက်စိမ်းပြာကို ချေဖျက်လိုက်ရင် ၉လောကရဲ့ ချီစွမ်းအင်ဖိနှိပ်ထားမှုက ၂၅မိနစ်အကြာအထိ သူ့အပေါ်မှာ သက်ရောက်မှုမရှိတော့ဘူး။ ဒီ၂၅မိနစ်ဆိုတဲ့ အချိန်ပိုင်းမှာ သူ့ရဲ့ မူလကျင့်ကြံမှုအဆင့်ကို ပြန်ရနိုင်တယ်။

ဦးလေးဝမ်ရဲ့ ကိုယ်ပေါ်က စွမ်းအင်တွေက ပိုပိုပြီး သိပ်သည်းလာခဲ့တာ နေရောင်တောင်မှ မှေးမှိန်သွားသလို အောက်မှာရှိနေတဲ့ ကျောင်းသားတွေလဲ မြေပြင်ပေါ်ကို ခွေကျသွားတယ်။
တချို့ကျောင်းသားတွေဆို မျက်လုံးတွေ နားတွေ နှာခေါင်းတွေကနေ သွေးတွေ စီးကျလာကြတယ်။ ဒီတိုင်းသာဆက်သွားရင် ထိုကျောင်းသားတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတယ်။

"အားလုံးပဲ ဒီနေရာကနေ ထွက်သွားကြတော့! မြန်မြန် ထွက်သွားကြ!" လင်းဖန်က လှမ်းအော်လိုက်တယ်။

လင်းဖန် ပြောတာကို ကြားတော့ မြေပြင်ပေါ်မှာ လဲကျနေတဲ့ ကျောင်းသားတွေအားလုံး သတိဝင်လာကြကာ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားဖို့ ကြိုးစားလိုက်ကြတယ်။

ဖုန်းလျိုနဲ့ တုန်းဖန်ကျန်းက မတ်တပ်မရပ်နိုင်ကြတဲ့ သူတွေကို သူတို့ရဲ့ စွမ်းအားသုံးပြီး တစ်ခြားတစ်နေရာကို ရွှေ့ပေးနေကြတယ်။ အောက်မှာရှိတဲ့ လူတွေက ဘေးကင်းရာကို သွားနိုင်ကြပေမယ့် အပေါ်က အကြီးအကဲတွေကရော....?

"သွားကြစို့" လင်းဖန်က ပြောလိုက်ကာ သူ့ရဲ့ ချင်းဖုန်းဓားကို ထုတ်လိုက်တယ်။

"ငါ မသွားဘူး" ဖုန်းလျို ငြင်းလိုက်တယ်။ သူ့လက်ထဲက လှံကို တင်းတင်းဆုပ်ကိုင်ထားကာ "လူတစ်ယောက် ပိုရတော့ ခွန်အားတစ်ဆ တိုးသွားတာပေါ့"

ချင်းချန် တုန်းဖန်ကျန်းကို လှမ်းအော်လိုက်တယ် "ဒီက ကျောင်းသားတွေကို မင်းပဲ ခေါ်ထုတ်သွားလိုက်တော့"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now