136 - 140

582 66 0
                                    

အပိုင်း-၁၃၆ (ကိုရီးယားထမင်းသုပ်)

တုန်းဖန်ကျန်း ဗဟိုချက်သိပ်သည်းမှုအဆင့်ကို ရောက်သွားမယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမယ့် သူ အဆင့်တက်သွားတာကို မပျော်နိုင်ဘဲ ဒေါသထွက်နေတယ်။
(၁၉နှစ်ကြာပြီးမှ မိန်းကလေး တစ်ယောက်ရဲ့ အကူအညီနဲ့ အဆင့်တက်သွားရတယ်!)

သူ့ လည်ပင်း သူပြန်ကိုင်ကြည့်ကာ မှန်ထဲကို ကြည့်လိုက်တော့ လည်ပင်းပေါ်က အမှတ်တွေကို မြင်လိုက်ရတယ်။ သူ ကုန်းကုန်းကို လှမ်းခေါ်လိုက်ကာ အဝတ်အစားလဲပြီးတာနဲ့ တော်ဝင်ကျောင်းတော်ဆီ ထွက်လာခဲ့တယ်။

ရွှမ်းယင်တစ်ယောက် အိမ်ပြန်ရောက်ရောက်ချင်း အပေါ်ထပ်ကို အမြန်တက်သွားတာကြောင့် လူတိုင်း ကြောင်အ,ကုန်ကြတယ်။
သူတို့အားလုံး တွေဝေသွားကြတယ်။
(ဘာလို့ တစ်ခုခုလွဲနေတယ်လို့ ခံစားနေရပါလိမ့်?)

"ဒီနေ့ကိစ္စကို ကျောင်းအုပ်ကြီးက ဖြေရှင်းပေးမှာမလို့ စိတ်မပူလဲရတယ်။ ကောင်းကောင်း အနားယူလိုက်ကြ" လင်းဖန်က ပြောလိုက်တယ်။

"အင်း" သူတို့အားလုံး အခန်းထဲကို ပြန်ကြမလို့ပြင်နေစဥ်မှာပဲ အပေါ်ထပ်က စွမ်းအင်ပြောင်းလဲမှုကြီးကို ခံစားလိုက်ရတယ်။

"ရွှမ်းယင်က  အဆင့်ချိုးဖောက်တော့မှာလား?''
(ဒါကြောင့် သူ အလောကြီးနေတာကိုး..)

ရှီယုကတော့ တခြားအရာကို တွေးမိသွားတယ်။

တခြားသူတွေ အခန်းထဲပြန်သွားချိန်မှာ ရှီယုက မပြန်သေးဘဲ ဧည့်ခန်းထဲမှာ ထိုင်နေကြတဲ့ လောင်အာနဲ့ ရှောင်ချီဆီကို သွားလိုက်တယ်။

"မမ, ကျတော် ရှောင်ချီကို ခေါ်ပြီး အိမ်ပြန်လိုက်ရမလား?" သူ့ညီမလေးကို ကာကွယ်ပေးနိုင်စွမ်းမရှိလို့ လောင်အာတစ်ယောက် ကိုယ့်ကိုယ်ကို အမြဲ အပြစ်တင်မိနေတယ်။ တော်ဝင်ကျောင်းတော်ကို ရောက်လာတော့လဲ သူက ဘာမှအကူအညီမဖြစ်တဲ့အပြင် ဝန်ပိုတသ်ခုတောင်ဖြစ်နေသေးတယ်။

"အရမ်းတွေ လျှောက်တွေးမနေနဲ့" ရှီယု လောင်အာရဲ့ ပခုံးကို ပုတ်ပေးလိုက်ကာ "တခြားသူတွေရဲ့ အမှားကြောင့်နဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မနေနဲ့။ မမတို့ ဒီကနေထွက်သွားရင်တောင်မှပဲ အဲ့လိုလူမျိုးတွေနဲ့ ဆက်တွေ့နေအုံးမှာပဲ။ အဲ့တာကြောင့် စိတ်အေးအေးထားပြီး ကျောင်းထဲမှာပဲနေ"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now