221 - 225

534 49 0
                                    

အပိုင်း၂၂၁

ဒီရက်ပိုင်းအတွင်း တော်ဝင်ကျောင်းတော်ကို ပြသနာလာရှာတဲ့သူတွေပိုများလာတယ်။ မျက်လုံးပါတဲ့ဘယ်သူမဆ်ို ထိုကိစ္စတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်သူရှိနေမှန်း သိနိုင်ကြတယ်။

သူက အတွေ့အကြုံရှိနေတဲ့စီးပွားရေးသမားဖြစ်တာကြောင့် နောက်ခံမရှိတဲ့ သူကြွယ်အိမ်ဟာ လူအများကိုသွားရည်ကျစေတဲ့အဆီတဝင်းဝင်းနဲ့အသားတုံးကြီးလိုပဲသိရှိထားတယ်။

သူသာ တော်ဝင်ကျောင်းတော်နဲ့တော်ဝင်မျိုးနွယ်ဘက်ကနေ ရပ်တည်ပေးရင် သူတို့လင်းအိမ်တော်ရဲ့ကျေးဇူးတရားကိုသတိရနေပေးမှာလား?

လင်းခေါင်းဆောင်တစ်ယောက် ထိုသို့အကြိမ်ကြိမ်တွေးနေပြီးနောက် ညစာစားပြီးတာနဲ့ လင်းရှောင်းရှောင်းကို ကျောင်းပြန်လိုက်ပို့ပေးလိုက်တယ်။

ဒီနေ့ တော်ဝင်ကျောင်းတော်က အရင်ကနဲ့ကွဲပြားနေသလိုပဲ...

ကျောင်းထဲ ခြေလှမ်း၁၀၀လောက်လှမ်းပြီး ရှေးဟောင်းသစ်ပင်တွေစုဝေးနေတဲ့တောအုပ်ထဲ ဝင်လိုက်တာနဲ့သိပ်သည်းလွန်းတဲ့မှော်စွမ်းအားတွေကိုခံစားလိုက်ရတယ်။

လင်းခေါင်းဆောင်တစ်ယောက် သူ့ကိုယ်ထဲကချီစွမ်းအားတွေတိုးလာတာကိုခံစားလိုက်မိတယ်။

ကျောင်းဝန်းထဲ ရောက်လာလေလေ အထဲမှာ စွမ်းအင်ကျင့်ကြံနေကြတဲ့ ကျောင်းသားတွေလဲပိုများလာလေလေပဲ။ တော်ဝင်ကျောင်းတော်ရဲ့ ချီစွမ်းအင် သိပ်သည်းတဲ့ ကောင်းကင်ကြောင့် စားချိန်သောက်ချိန်ကလွဲလို့ ကျောင်းသားတိုင်းက နေရာမရွေးစွမ်းအင်ကျင့်ကြံနေကြတယ်။

ဝမ်းဟန်ထွက်သွားပြီး၂ရက်အတွင်းမှာပဲ တော်ဝင်ကျောင်းတော်ထဲက ချီစွမ်းအားတွေကတဟုန်ထိုးတိုးလာပြီး အခုဆို နေရာတိုင်းမှာချီစွမ်းအားတွေနဲ့သိပ်သည်းနေတယ်။

ရက်ပိုင်းလေးအတွင်းမှာပဲ နှစ်ထောင်နဲ့ချီပြီးသက်တမ်းရှ်ိတဲ့သစ်ပင်ကြီးတွေကလဲ အကိုင်းသစ်တွေထွက်နေကာ ပိုပြီးကြီးထွားလာပုံပေါ်တယ်။

ပိုပြီးအံ့သြစရာကောင်းတာကတော့ ကျောင်းသားတွေရဲ့ကျင့်ကြံမှုအဆင့်တွေက အရင်ထက်အများကြီးတိုးတာလာတာပဲ။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now