196 - 200

535 60 0
                                    


အပိုင်း-၁၉၆ (သလင်းရောင် ဝက်ဂုတ်သား)

ဉာဏ်အလင်းပွင့်တောင်တန်းကို ဝင်ခွင့်ရသွားတာနဲ့ လူပေါင်း သိန်းနဲ့ချီပြီး တောင်ပေါ်ကို တို့ဝှေ့တက်သွားကြတာ ခဏအကြာမှာပဲ လက်နက်ချင်း ထိခတ်သံတွေ ထွက်ပေါ်လာတယ်။

တောင်ခြေမှာ ကျန်နေခဲ့တဲ့ လူတွေလဲ ရှိနေတယ်။ ထိုလူတွေထဲမှာမှ ဆယ်ကျော်သက် လူငယ်အုပ်စုတစ်စုက  တခြားသူတွေထက် ပိုပြီး ထင်ပေါ်နေတယ်။ သူတို့တွေက တောင်ပေါ်ကို မထူးခြားနား အကြည့်တွေနဲ့ စိုက်ကြည့်နေကြတယ်။

ထိုအုပ်စုထဲမှာမှ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေးက တခြားသူတွေထက် ပိုထင်းနေတယ်။ သူမရဲ့ အသွင်အပြင်က သာမန်ဆန်ပေမယ့်လဲ သူမဆီကနေ ထုတ်လွှင့်နေတဲ့ အရှိန်အဝါတွေကတော့ တခြားသူတွေကို ဖိနှိပ်နိုင်စွမ်းရှိတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်ရဲ့အသွင်သဏ္ဍာန်ဖြစ်တည်ခြင်းအဆင့်ကိုတောင် ရောက်နေပြီဖြစ်တဲ့ သူမကိုသာ မြင်ရရင် ၉လောကမှာရှိတဲ့ ပါရမီရှင်ဆိုတဲ့ သူတွေအားလုံး သက်ပြင်းချကုန်ကြလိမ့်မယ်။

လင်းဖန်တို့အဖွဲ့လဲ တောင်ပေါ်ကို မတက်ကြသေးဘဲ ဘေးနားက ရှုခင်းတွေကို လျှောက်ကြည့်နေကြတယ်။ လင်းဖန် ဟိုဟိုဒီဒီလျှောက်ကြည့်နေစဥ်မှာပဲ လူငယ်တွေ အများကြီး ဝန်းရံထားတဲ့ အစိမ်းရောင်ဝတ်စုံနဲ့ မိန်းကလေးကို သတိထားမိသွားကာ အံ့ဩသွားတယ် "ရှောင်ရှီ?"

ဖုန်းလျိုလဲ ထိုမိန်းကလေးကို မြင်သွားကာ "သူက တော်တော်ပြောင်းလဲသွားတာပဲ! ပြီးတော့ ဒီကို မလာဘူးလို့ ပြောထားတာမလား? သူ့ကို သေချာ သွားမေးကြည်ကြစို့"

ဖုန်းလျို သွားမလို့ပြင်​တော့ လင်းဖန်က လှမ်းဆွဲလိုက်ကာ "ခဏနေအုံး, သူ့ကြည့်ရတာ နည်းနည်း ထူးဆန်းနေသလိုပဲ"

"ဘာထူးဆန်းလို့လဲ?''

ဖုန်းလျိုတို့ ကြည့်နေတာကို ထိုအစိမ်းရောင်ဝတ်စုံနဲ့ မိန်းကလေးက သတိထားမိသွားကာ ဖုန်းလျိုတို့ဘက်ကို ခဏ လှည့်ကြည့်လိုက်ပြီးမှ သူမနဲ့ ဘာမှမဆိုင်သလိုမျိုး တစ်ဖက်ကို ပြန်လှည့်သွားတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now