61 - 65

658 68 1
                                    

အပိုင်း-၆၁ (ဆာရှီမီ)

ခဏကြာတော့ လင်းဖန်နဲ့ ရွှယ်ချင်းကောတို့တွေ စကားတွေ
ပြောနကြရင်းနဲ့ ထွက်လာကြ
တယ်။

ရှီယုကို မြင်တာနဲ့ လှမ်းမေး
လိုက်တယ် "မင်း လိုချင်နေတဲ့ ပစ္စည်းကို ရှာတွေ့ခဲ့လား?''

"အင်း, တွေ့တယ်။ ရှင်ရော ဒါပြီးရင် သွားစရာရှိသေးလား?''

"မရှိတော့ဘူး။ အိမ်ပြန်ကြမယ်
လေ" ပြောပြီးတာနဲ့ လင်းဖန် ရွှယ်ချင်းကောကို နှုတ်ဆက်လိုက်
ကာ ရှီယုဆီကို လျှောက်သွားလိုက်
တယ်။

ရွှယ်ချင်းကော-"နောက်၃ရက် ကြာရင် ကျမရဲ့မွေးနေ့ရှိတယ်။ ရှင့် သူငယ်ချင်းကိုပါ ခေါ်လာခဲ့ပါ
လား?''

လင်းဖန်က ချက်ချင်း ပြန်မဖြေ
သေးဘဲ ရှီယုဘက်ကို လှည့်မေး
လိုက်တယ် "မင်း စီနီယာရွှယ်ရဲ့
မွေးနေ့ပွဲကို သွားချင်လား?''

လူချမ်းသာတွေရဲ့ ပွဲတော်တွေမှာ ကျွေးမယ့် အစားအသောက်တွေ ကို မြည်းစမ်းကြည့်ချင်လာတာ
ကြောင့် သူမ သဘောတူလိုက်
တယ် "သွားကြတာပေါ့"

အဲ့လိုနဲ့ပဲ သူတို့တွေ လမ်းခွဲလိုက်
ကြတယ်။

သူတို့တွေ အိမ်ပြန်ရောက်တာနဲ့ ရှီယု လင်းဖန်ကို ဥယျဉ်ထဲက စားပွဲဝိုင်းမှာ ထိုင်ခိုင်းလိုက်တယ် "ဒီမှာ ခဏထိုင်နေအုံး။ ငါ ချက်ထားတဲ့ ဟင်းပွဲအသစ်ကို မြည်းကြည့်စေချင်လို့"

လင်းဖန် ခုံပေါ်မှာ ထိုင်လိုက်စဉ်
မှာပဲ သူ့ဘေးမှာ အနက်ရောင်
အခိုးအငွေ့တွေပေါ်လာပြီး ကြောင်တစ်ကောင်အဖြစ် ပြောင်း
လဲသွားတယ်။

ထိုအချိန်မှာ ရှီယုက ကန်ထဲကို ပိုက်ချပြီး ငါးဖမ်းနေလိုက်တယ်။ သူမ ဖမ်းမိခဲ့တဲ့ ငါးတွေကို စားပွဲပေါ်ယူလာခဲ့ပြီး စဉ်းနှီတုံး၊ ပန်းကန် တွေနဲ့ ဝါဆာဘိဆော့စ်တွေပါ သွားယူလိုက်တယ်။ ငါးကို ခေါင်းဖြတ်လိုက်ကာ အရေခွံတွေ
ဖယ်လိုက်ပြီးနောက် သူမ လက်ထဲက တုနှိုင်းမဲ့ ဓားမြှောင်ကို ပြန်ချထားလိုက်ကာ အသစ်ရ
ထားတဲ့ အေးခဲသိပ်သည်း
ဓားမြှောင်ကို ယူလိုက်တယ်။ သူမ ထိုဓားမြှောင်ကို ကိုင်လိုက်တာနဲ့ ဘေးတစ်ဝိုက်က ရေငွေ့တွေက နှင်းပွင့်လေးတွေ
အဖြစ်ပြောင်းလဲသွားတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now