386 - 390

459 47 0
                                    

အပိုင်း၃၈၆

ရှီယုနဲ့လောင်အာ တောင်ထိပ်ကိုရောက်တာနဲ့ ရှီယုက မီးဝိညာဥ်၂ခုကိုထုတ်လိုက်ကာ လောင်အာကိုတင်ပျဥ်ခွေထိုင်ခိုင်းထားပြီး သူ့ကိုယ်ထဲကစွမ်းအင်ဗဟိုချက်ကိုပါ အပြင်ထုတ်ခိုင်းထားလိုက်တယ်။အဲ့နောက် ထိုစွမ်းအင်ဗဟိုချက်ကို မီးဝိညာဥ်နဲ့စတင်သန့်စင်လိုက်တယ်။ ရှီယုက လောင်အာရဲ့မီးဝိညာဥ်ကိုသန့်စင်ပေးနေစဥ်မှာပဲ ကျင်းရှီကျောက်ခေါ် ရှန်းရှောင်လန်မှာ သူ့ရဲ့အဖွဲ့စည်းထဲကိုပြန်ရောက်သွားပြီပင်။

သူ့ရဲ့အဖွဲ့ထဲကလူတွေအများကြီးအသက်ဆုံးရှုံးသွားရတာကြောင့် သူ ပြန်ရောက်တာနဲ့ သူ့ရဲ့လက်ထောက်၃ယောက်က တောင်းပန်လိုက်ကြတယ်"တောင်းပန်းပါတယ် ခေါင်းဆောင်!"

"အခုမှတောင်းပန်နေလဲ ဘာမှမထူးတော့ဘူး" ကျင်းရှီကျောက် မျက်မှောင်ကြုပ်လိုက်မိတယ်။တော်ဝင်ကျောင်းတော်က အစီရင်ကစွမ်းအားကြီးမှန်းသူသိလို့ပဲ အဲ့ကိုသွားခဲ့ပေမယ့် အစီရင်ကိုမချိုးဖျက်နိုင်တဲ့အပြင် သူ့လက်အောက်ငယ်သားတွေအများကြီးကိုပါဆုံးရှုံးလိုက်ရသေးတယ်။
"မင်းတို့ထဲက တစ်ဝက်က ငါ့နောက်ကိုလိုက်ခဲ့ကြ" ကျင်းရှီကျောက်အမိန့်ပေးလိုက်တယ်။ သူသာကျောင်းကိုဖျက်ဆီးလိုက်ရင် ထိုလူတွေလဲနောက်ခံမရှိတော့ဘူးလို့တွေးမိတာကြောင့် စတင်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ်။
.....

ဝမ်းရှန်တို့အဖွဲ့မှာ သူတို့ကိုတိုက်ခိုက်နေတဲ့လူတွေလျော့သွားတာကိုသတိထားမိသွားတယ်။ချူကျိဟွမ်လဲ ဝမ်းရှန်တို့လိုပဲသတိထားမိသွားကာ အကြောင်းရင်းကိုရိပ်မိသွားချိန်မှာတော့ နောက်ကျသွားခဲ့ပြီ။ အုပ်ချုပ်ရေးအဖွဲ့စည်းထဲက လူတစ်ဝက်လောက်ကအရှေ့အင်ပါယာကိုရောက်သွားကြပြီပင်။

အနက်ရောင်ဝတ်ရုံတွေခြုံထားတဲ့လူတစ်စု တော်ဝင်ကျောင်းတော်ရဲ့အဝင်ဝမှာရပ်နေကြကာ သူတို့စီးလာတဲ့သားရဲတွေကလဲ သွေးဆာနေတဲ့ဟိန်းဟောက်သံတွေထုတ်လွှင့်နေကြတယ်။

ကျောင်းထဲမှာတော့ ကျောင်းသားအများစုက လက်နက်တွေကိုင်ကာကျောင်းအဝင်ဝနားမှာရပ်နေကြတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now