31 - 35

677 58 0
                                    

အပိုင်း-၃၁ (ဆန်လုံးကြော်နဲ့ အသားခြောက်)

နောက်ရက်တွေမှာတော့ ရှီယုက လျူယီရဲ့ သူနာပြုဘဝကို ရောက်ရှိသွားတယ်။

သူမ သူ့ဒဏ်ရာကို ပတ်တီး
စည်းပေးပြီးတာနဲ့ မေးလိုက်တယ် "ရှင့် သူငယ်ချင်းတွေက ထူးဆန်းနေသလိုပဲ! သူတို့တွေ ဘာဖြစ်နေကြတာလဲ? "

သူတို့က ခရီးအတူတူ သွားနေကြ ပေမယ့်လဲ တစ်ခုခုကို အထင်လွဲ
နေသလိုမျိုး ထင်မိတယ်။

"သူတို့တွေက ကိုယ်တို့၂ယောက် ကို အနှောက်ယှက်မပေးချင်လို့ ဖြစ်မှာပေါ့" လျူယီ မျက်တောင်မခတ်ဘဲ ပြန်ဖြေလိုက်
သည်။

ဒီလို ထူးထူးဆန်းဆန်းစကားတွေ ကြောင့် သူမ ဘာမှမပြောတော့ ဘူး။တကယ်လို့ သူမသာ လူတွေ
အကြောင်း ဘာမှ မသိနားမလည်
တဲ့  မိန်းကလေးမျိုးဆို သူ့ စကားတွေကြောင့် စိတ်ယိုင်သွား လောက်တယ်။ပြောရရင် ဒီလူက ဥစ္စာပေါ ရုပ်ချောလဲဖြစ်သလို  ကျင့်ကြံမှုအဆင့်ကလဲ မြင့်သေး
တယ်။ ဒါတွေက သိုင်းဝတ္တုတွေမှာ ပါနေကျ အမျိုးသားဇာတ်ကောင် တွေရဲ့ ပုံစံမျိုးပဲလေ။

"အနာယူလို့ရပြီ" ရှီယု ပြတင်းပေါက်ကနေ ခေါင်းထုတ်
ပြီး ကြည့်လိုက်တော့  မှောင်ခါနီး
ပြီဆိုတာကို တွေ့လိုက်ရတယ်။

(ဒီညလဲ ထပ်ပြီး စခန်းချ နားရအုံးမယ်ထင်တယ်)

သူမ ထင်ထားတဲ့အတိုင်းပဲ မှောင်လာတော့ သူတို့တွေ တဲထိုးကာ နားလိုက်ကြတယ်။

မြင်းလှည်းမောင်းပေးတဲ့လူတွေက ညစာပြင်ပေးကြပေမဲ့ ညစာတွေက ဖယောင်းတွေ
ဝါးနေရသလိုမျိုးပဲ။ ရှီယု တစ်ကိုက်လောက် စားပြီးတာနဲ့ ထပ်မစားတော့ဘူး။

တခြားသူတွေက  သူမ အပြုအမူကို မြင်ကြတော့ သူတို့ကို အစော်ကားခံလိုက်
ရသလိုမျိုး ဖြစ်သွားကြတယ်။ ရှီယု သူတို့ဘက်ကို အမှတ်တမဲ့  လှမ်းကြည့်လိုက်မိတော့ ဟန်ဆောင်ဖုံးကွယ်ထားကြတဲ့ မျက်နှာဖုံးတွေအောက်က စက်ဆုပ်သလို အကြည့်တွေကို သတိထားမိလိုက်တယ်။

ရှီယု မမြင်ချင်ယောင်ဆောင်
လိုက်ကာ လှည်းပေါ်က ဒယ်အိုးကို သွားယူလိုက်တယ်။ ဒီအိုးက သူမ မြို့ထဲကနေ မထွက်လာခင် ဝယ်လာခဲ့တာပဲ ဖြစ်တယ်။ ဒီအိုးအပြင် တခြား လိုအပ်တဲ့ ပစ္စည်းတွေပါ ထုတ်ယူလိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now