16 - 20

873 78 0
                                    

အပိုင်း-၁၆ (တို့ဟူးပုတ်)

စာချုပ်ချုပ်ပြီးသွားတော့မှဘဲ ရှီယုလဲ အသက်ကောင်းကောင်း
ရှုနိုင်တော့တယ်။

စောစောက တစ်မိသားစုလုံး အသတ်ခံရတော့မလို ဖြစ်သွား ခဲ့တာ။လင်းဖန်သာ အချိန်မှီ ပေါ်မ လာခဲ့ရင် သူတို့ရဲ့ ကံကြမ္မာက ဝတ္ထုထဲကလိုပဲ ဖြစ်သွားတော့မှာ။

ကျောက်မျိုးနွယ်ရဲ့ရန်ကို စိုးရိမ်
နေတာကြောင့် လင်းဖန် သူတို့တွေကို လင်းအိမ်တော်ဆီ ပြန်ခေါ်လာခဲ့တယ်။ဆိုင်အတွက်
ကိုတော့ စာချုပ်ထဲမှာပါတဲ့
အတိုင်း သူတို့တွေ ဆိုင်အသစ်
ဖွင့်တာနဲ့ လင်းအိမ်တော်ကနေ ပိုက်ဆံစိုက်ပေးလိမ့်မယ်။ ရှီယုတို့ဘက်က လူအားစိုက်ရမယ် ပြီးတော့ အချက်အပြုတ်ပိုင်းကို တာဝန်ယူရမယ်။

သူမအတွက်တော့ ဒီမိသားစုဝင် တွေ လုံခြုံပြီး ပျော်ပျော်ရွင်ရွှင် နေနိုင်ဖို့က အဓိကပဲဖြစ်လို့ ကန့်ကွက်စရာမရှိခဲ့ဘူး။

"ကောင်းပြီလေ" ရှီယု စာချုပ်ကို လှမ်းပေးလိုက်ကာ "ရှင် စောစော ရောက်လာလို့သာပေါ့ မဟုတ်ရင် ကျမတို့်တွေ ဘာလုပ်ရမလဲ မသိတော့ဘူး"

(လုံလောက်တဲ့ ခွန်အားမျိုး မရှိရင် ငါ့မိသားစုကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။အခုလောလောဆယ် အဆက်အသွယ်တွေပေါ်မှာပဲ အားကိုးရအုံးမှာပဲ။ တကယ်လို့ ငါ့မှာသာ ကိုယ်ပိုင်စွမ်းအားတွေ
ရှိနေရင် ဘယ်လောက်ကာင်း
မလဲ?)

သူမအတွေးတွေက မနက်က စားခဲ့တဲ့ စိတ်ဝိညာဉ်သားရဲဆီကို ပြန်ရောက်သွားတယ်။

(တကယ်လို့ ငါသာ စတင်ကျင့်ကြံ လိုက်ရင်  ကိုယ်တိုင်ကိုယ်ကျ စိတ်ဝိညာဉ်သားရဲဟင်းလျာမျိုးကို ချက်နိုင်မှာလား?)

ခဏကြာ ဆွေးနွေးတိုင်ကြ ပြီးနောက် လင်းဖန်လဲ ပြန်သွား ခဲ့တယ်။

ရှီယု အခန်းထဲ ဝင်လိုက်ကာ တင်ပျဉ်ခွေထိုင်ချလိုက်တယ်။ သူမရဲ့ ဝမ်းဗိုက်အောက်ပိုင်းမှာ ရှိနေတဲ့ စွမ်းအားကြောင့် ယုံကြည် မှုနည်းနည်းတော့ ရှိတယ်။

ဒါပေမဲ့ အချိန်ကြာသွားတာတောင် မှ သူမ ဘာကိုမှ မခံစားမိဘူး ဖြစ်နေတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now