301 - 305

470 52 0
                                    

အပိုင်း၃၀၁

အကြီးအကဲကုရဲ့မျက်နှာထားကိုမြင်တော့ အားလူံးအံ့ဩသွားကြတယ် "လူအိုကြီးကု အဲ့ပုံရိပ်ယောင်ဖန်ဆင်းရှင်ဆိုတာက အဲ့လောက်တောင်တော်တာလား?"

စောစောကဝမ်းနည်းနေတဲ့ အကြီးအကဲကုရဲ့မျက်နှာက အခုတော့ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေကာ "အဲ့လူဘယ်လောက်တော်လဲဆိုတာတော့ ငါလဲသေချာမသိဘူး ဒါပေမဲ့ ရှီယုက သူ့တပည့်ဖြစ်လာမှတော့ ဘယ်သူမှ ငါတို့ကျောင်းကိုထိရဲမှာမဟူတ်ဘူး"

ထိုစကားတွေကြားလိုက်ရချိန်မှာ အကြီးအကဲတွေအားလုံး တစ်ယောက်မျက်မှာတစ်ယောက်ကြည့်မိသွားကြပြီး အချိန်အတော်ကြာ စကားမပြောဖြစ်ကြပေ။

အဘိုးကု ရောက်လာရတာက သူတို့ကိုရှင်းပြပေးရုံပဲဖြစ်လို့ ဒီလူတွေဘာတွေတွေးနေလဲဆိုတာက သူနဲ့မသက်ဆိုင်ပေ။သူလဲ ရှင်းပြပြီးပြီဆိုတော့ ကျောင်းအုပ်ကြီးတို့လဲ သိပ်ပြီးစိတ်ပူကြမှာမဟုတ်တော့ဘူး။

အကြီးအကဲတွေလဲ အခုတော့ ကျောင်းအုပ်ကြီးရဲ့ဆုံးဖြတ်ချက်အပေါ်မှာ သိပ်ပြီးမစိုးရိမ်ကြတော့ပေ။

အဲ့နောက်တော့ အကြီးအကဲဖုန်းနဲ့ အကြီးအကဲလျူတို့က အိမ်တော်ကလူတော်တော်များများကို အဝေးကိုပို့လိုက်ကာ ကျန်တဲ့သန်မာတဲ့သူတွေကိုတော့ တော်ဝင်ကျောင်းတော်ထဲကို ပို့လိုက်တယ်။

တစ်ချိန်တည်းမှာပဲ ကျောင်းအုပ်ကြီးကလဲ ကျောင်းသားတွေအားလုံးကို စုခိုင်းလိုက်ကာ  ရှုကွမ်းမြို့မှာဖြစ်တာတွေကိုပြောလိုက်တယ်။ မီးခိုးရောင်ဝတ်ရုံနဲ့ တရားခံကိုတော့  သူ့ရဲ့သရုပ်မှန်ကိုမပြောပြဘဲ အရမ်းသန်မာတဲ့လူတစ်ယောက်ဆိုပြီးပဲ ပြောပြလိုက်တယ်။ ထိုလူကြောင့် ကျောင်းသားတွေမှာ အန္တရာယ်ရှိနိုင်တာကြောင့် ကျောင်းကနေ ထွက်သွားချင်တဲ့သူတွေက ထွက်သွားနိုင်တယ်ဆိုပြီးပါ ပြောလိုက်တယ်။

ကျောင်းအုပ်ကြီးက အခုလိုပြောနေစဥ်မှာ ရွှမ်းယင်တစ်ယောက် အဆင့်ချိုးဖောက်တော့မှာဖြစ်တာကြောင့်  ကျောင်းထဲမှာ ရုတ်တရက် စွမ်းအင်လှိုင်းတွေလှုပ်ရှားသွားတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now