271 - 275

481 50 0
                                    

အပိုင်း၂၇၁

ရှီယု သူမရှေ့က မှော်နွယ်ပင်ကိုကြည့်ပြီး မျက်မှောင်ကြုပ်မိသွားတယ်။သူမ ဒီမှော်နွယ်ပင်မှာ မူလစွမ်းအင်ရှိနေမယ်လို့ ထင်တောင်မထင်မိဘူး။

ထိုအချိန် မီးဝိညာဥ်က မှော်နွယ်ပင်ရဲ့အပိုင်းတစ်ခုကို မီးစ,ရှို့နေပြီဖြစ်ကာ ထပ်ခါတလဲလဲလောင်ကျွမ်းပြီးနောက်မှာတော့ ထိုနေရာမှာပြာကျသွားကာ ခရမ်းရောင်အလင်းတန်းတွေက မီးဝိညာဥ်ရဲ့ကိုယ်ပေါ်မှာလည်ပတ်နေတယ်။

ရှီယု သေချာကြည့်ကြည့်လိုက်တော့ ထိုခရမ်းရောင်အလင်းတန်းတွေက တော်တော်လေး ပါးလျနေတာကိုသတိထားမိလိုက်တယ်။

"ဒါက...မူလစွမ်းအင်လား?" ရှီယုလဲ ဒါကမူလစွမ်းအင်ဆိုတာ သိပ်ပြီးမသေချာပေ။ အဘိုးကုက နှစ်ပေါင်းသိန်းနဲ့ချီပြီးသက်တမ်းရှိတဲ့ အဖိုးတန်ဆေးပင်တွေကြားမှာ မူလစွမ်းအင်ကိုတွေ့နိူင်တယ်လို့ ပြောခဲ့ပေမယ့် ဒီမှော်နွယ်ပင်က အဖိုးတန်ဆေးပင်လဲမဟုတ်သလို နှစ်ပေါင်းသိန်းနဲ့ချီပြီးသက်တမ်းရင့်နေတာလဲမဟုတ်ဘူးလေ..

"ကျိကျိ.."မီးဝိညာဥ်က သူမလက်ခုံပေါ်ကိုပွတ်သပ်လိုက်တယ်။

"ဒါ မူလစွမ်းအင်ပဲ" သူမရဲ့နောက်ကနေ ကြောင်ဝတုတ်ရဲ့အသံထွက်လာတယ်။ ဒီဘယ်ကမှန်းမသိပေါ်လာတဲ့ကြောင်ဝတုတ်ရဲ့ခန္ဓာကိုယ်က အရင်ကနဲ့တူနေဆဲပေမယ့် သူ့ရဲ့စိတ်စွမ်းအားကတော့ အရင်လိုအားနည်းမနေတော့ပေ။

ကြောင်ဝတုတ်က ရှီယုဆီတစ်လှမ်းချင်းလျှောက်လာကာ "မူလစွမ်းအင်က ဒီကမ္ဘာပေါ်မှာ ပထမဆုံး ပေါ်လာတဲ့ စွမ်းအင်ပဲ အခြေခံစွမ်းအင်၅မျိုးဆိုတာကလဲ သူ့ဆီကနေပဲခွဲထွက်လာတာ။ ဒီကမ္ဘာပေါ်ကအရာအားလုံးမှာ မူလစွမ်းအင်အနည်းနဲ့အများရှိကြတယ်။ ဒါပေမဲ့အများစုက နည်းလွန်းတော့ လျစ်လျူရှုလိုက်လို့တောင်ရတယ်။ ဒါပေမဲ့အဖိုးတန်ဆေးပင်တွေမှာတော့ မူလစွမ်းအင်က အများဆုံးရှိနေတတ်တယ်။ ဆေးပင်ရဲ့သက်တမ်းကရင့်လေ မူလစွမ်းအင်ပမာဏက ပိုများလေပဲ အဲ့ပမာဏအရမ်းများလာရင် ငါတို့ရဲ့မျက်စိနဲ့တောင်မြင်နိုင်တယ်"

ရှီယု-"ဒါပေမဲ့ ဒီမှော်နွယ်ပင်က.."

"ဒီအပင်က ချွင်းချက်ပဲ" ကြောင်ဝတုတ်က သူမရှေ့ကိုရောက်နေပြီဖြစ်ကာ "ဒီအပင်က တခြားအပင်တွေရဲ့အသက်စွမ်းအင်တွေကိုစုပ်ယူနေကြဆိုတော့ အဲ့အပင်တွေမှာရှိတဲ့မူလစွမ်းအင်ကိုပါ စုပ်ယူနိုင်တာလဲပုံမှန်ပါပဲ အချိန်ကြာလာရင် ဒီအပင်မှာရှိတဲ့မူလစွမ်းအင်က တခြားအပင်တွေမှာရှိတဲ့မူလစွမ်းအင်ထက်တောင်ပိုများတယ်"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now