341 - 345

461 49 1
                                    

အပိုင်း၃၄၁

တော်ဝင်ဆရာရဲ့အိမ်တော်ကိုသွားတဲ့လမ်းမှာ ရှီယုက ချင်းချန်နဲ့ လင်းဖန်ကို အရှေ့အင်ပါယာနဲ့ ထျန်းရွှမ်းအင်ပါယာ မိတ်ဖက်အဖြစ်ပေါင်းစည်းဖို့ရာ တော်ဝင်ဆရာကိုပြောဖို့ အကြံပေးလိုက်တယ်။

ထိုညမှာတော့ ရှီယုတို့တွေ ဆိုင်တစ်ဆိုင်မှာ ညစာသွားစားကြတယ်။

စုနျန်တစ်ယောက် ကြက်ပေါင်တစ်ချောင်းကိုက်နေရင်းနဲ့ ရှောင်ယွမ်ရဲ့ဝိညာဥ်က ဝိညာဥ်နှုတိအလံနားမှာပေါ်လာရတဲ့အကြောင်းရင်းကို ပြောပြလိုက်တယ်"ရှောင်ယွမ်က သာမန်ဝိညာဥ်ဆိုပေမဲ့ မှော်ဆေးပင်တွေကြောင့် သူ့ဝိညာဥ်ကိုယ်ထည်ကသိပ်သည်းနေပြီ။ ရှောင်ယွမ် အလံနောက်ကိုလိုက်နေရတဲ့အကြောင်းရင်းကတော့ ဝိညာဥ်တွေက မှောင်မိုက်တဲ့ဝိညာဥ်နဲ့ပတ်သက်တဲ့အရာတွေဆီမှာ အဆွဲဆောင်ခံတတ်ကြလို့ပဲ ရှောင်ယွမ်ရဲ့ ဝိညာဥ်က ကောင်းကင်နဲ့ မြေကြီးရဲ့အဆီနှစ်ကိုစုပ်ယူလိုက်ရင် ပိုပြီးသန်မာလာနိုင်ပေမယ့် တစ်သက်လုံးကလေးလေးပဲဖြစ်နေမှာတော့ စိုးရိမ်မိတယ်"

ရှီယု-"အသက်ကြီးလာရတာစိတ်ရှုပ်စရာကောင်းတယ် ကလေးလေးဘဝကအကောင်းဆုံးပဲ"

ရှောင်ယွမ်က အခုလက်ရှိဘဝမှာပျော်နေတာကြောင့် ဘာမှဝင်မပြောခဲ့ဘူး။

ဖုန်းလျို ခုံပေါ်မှာမှီရင်းနဲ့မေးလိုက်တယ်"ဒါဆို ငါတို့ထွက်သွားရင် ရှောင်ယွမ်ကရော ငါတို့နဲ့လိုက်မှာလား?"

ရှီယုက ရှောင်ယွမ်ရဲ့အမြင်ကိုမေးလိုက်တယ်"ရှောင်ယွမ် ဘယ်သူနဲ့လိုက်ချင်လဲ?"

စုနျန်က ရုတ်တရက်ဝင်ပြောလိုက်တယ်"ရှောင်ယွမ် မမနဲ့လိုက်ခဲ့မလား? မမက ဘာမှတော့မသင်ပေးနိုင်ပေမယ့် မမနဲ့အတူတူလိုက်လာရင် ကမ္ဘာအနှံ့ခရီးသွားလို့ရတယ်"

ဖုန်းလျို-"ရှောင်ယွမ်က မင်းနောက်လိုက်သွားလို့ မင်းရဲ့အကျင့်တွေကူးကုန်ရင်ဘယ်လိုလုပ်မလဲ?"

စုနျန် စားပွဲကိုလက်နဲ့ရိုက်လိုက်ကာ"ငါ့အကျင့်တွေကူးကုန်တာဘာဖြစ်လို့လဲ? အစားသောက်, အချောလေးတွေနဲ့လိင်မှုရေးရာဘဝ အဲ့တာတွေကဘာမှားနေလို့လဲ? "

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Donde viven las historias. Descúbrelo ahora