406 - 410

415 44 0
                                    

အပိုင်း၄၀၆

ရှီယု ရှီကျင်းရဲ့ဒဏ်ရာကိုပတ်တီးစီးပေးပြီးနောက် လင်းသခင်ကြီးကလာတွေ့တာကြောင့် သူနဲ့စကားသွားပြောလိုက်တယ်။ထိုလူက ပိုင်လုကျောင်းတော်လိုမျိုးစစ်မှန်တဲ့မိတ်ဆွေတော့မဟုတ်ပေမဲ့လဲ လီမျိုးနွယ်နဲ့တိုက်ခိုက်ရာမှာကူညီပေးခဲ့တာကြောင့် သူတို့ကြားကဆက်ဆံရေးက အကျိုးမြတ်တွေပေါ်မှာတည်ဆောက်ထားတဲ့ဆက်ဆံရေးမျိုးဖြစ်နေတယ်။ရှီယု အဲ့တာတွေကိုဂရုမစိုက်ပေ။ သူမအတွက်တော့ သူမကိုတိုက်ခိုက်ရင်ပြန်တိုက်ခိုက်မယ် သူမနဲ့လာမိတ်ဖွဲ့ရင်ပြန်မိတ်ဖွဲ့မယ်လို့ပဲရိုးရိုးရှင်းရှင်းသတ်မှတ်ထားတယ်။

အကြီးအကဲလင်း ရှီယုကိုလာတွေ့ရတဲ့အကြောင်းရင်းက လီမျိုးနွယ်ကြောင့်ပင်။သူတို့၂ယောက်စကားပြောကြပြီးနောက် လီမျိုးနွယ်ကို ၂ဖက်လုံးပူးပေါင်းပြီးဝါးမျိုးဖို့ကြံစည်လိုက်ကာ လင်သခင်ကြီးက ရှီယုတို့နဲ့စီးပွားရေးချင်းစပ်တူပူးပေါင်းဖို့ပါပြောလိုက်တယ်။ရှီယု သဘောတူလိုက်ပြီးနောက် လင်းသခင်ကြီးက ထိုကိစ္စကိုဆွေးနွေးဖို့ရာ သူ့ဘက်ကလူလွှတ်လိုက်မယ်လို့ပြောပြီးနောက် ပြန်သွားခဲ့တယ်။

ရှီယု ထိုကိစ္စကိုကျင်းမင်ကိုသွားပြောလိုက်ပြီးနောက် ထိုကိစ္စကို ကျင်းမင်ဆီမှာပဲအပ်ထားခဲ့ကာပြန်လာခဲ့တယ်။ ရှီယု ဝမ်းဟန်ကိုကျေးဇူတင်စကားပြောဖို့ရာ ထင်းစုန်းအိမ်တော်ဘက်ကိုထွက်လာခဲ့တယ်။စောစောက သူမကျင်းမင်ကို စီးပွားရေးချင်းပူးပေါင်းမယ့်အကြောင်းပြောနေစဥ်ကတစ်စုံတစ်ယောက်ကလီအိမ်တော်ရဲ့ပိုင်ဆိုင်မှုစာရင်းတွေလာပေးခဲ့တယ်။ထိုစာရင်းက ဝမ်းဟန်လူလွှတ်ပြီးစုံစမ်းခိုင်းထားမှန်းရိပ်မိတာကြောင့် သူမဝမ်းဟမ်ရဲ့ကျေးဇူးကိုမဆပ်နိုင်ဘူးဆိုရင်တောင်မှပဲ ကျေးဇူးတင်စကားပြောသင့်တယ်လို့တွေးမိကာထွက်လာခဲ့တယ်။

ရှီယု ထင်းစုန်းအိမ်တော်ဘက်ကိုလျှောက်လာစဥ်မှာပဲ နှင်းတွေစတင်ကျဆင်းလာခဲ့တယ်။သူမ ထီးယူလာမိရင်အကောင်းသားလို့တွေးနေမိစဥ်မှာပဲ သူမရှေ့မှာအလင်းရောင်ဖျော့ဖျော့လေးကိုတွေ့လိုက်ရတယ်။ ရှီယုနဲ့မလှမ်းမကမ်းမှာ ဝမ်းဟန်က မီးအိမ်တစ်လုံးနဲ့ထီးတစ်ချောင်းကိုင်ကာရပ်နေခဲ့တယ်။ ရှီယုဝမ်းဟန်ကိုမြင်တော့အံ့ဩသွားကာ "ရှင်ဘယ်လိုလုပ်ဒီရောက်လာတာလဲ?အပြင်သွားမလို့လား?"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now