346 - 350

496 39 0
                                    

အပိုင်း၃၄၆

လောင်အာ အိမ်ပြန်ရောက်လာပြီးနောက် ရှောင်ရှု လောင်အာကိုသွားတွေ့လိုက်ကာ အားပေးစကားပြောလိုက်တယ် "ငါ ငယ်ငယ်တုန်းက တခြားကလေးတွေက ငါ့ထက်ပိုအရည်ချင်ရှိပြီးကောင်းကင်ရဲ့အသွင်သဏ္ဍာန်ဖြစ်တည်ခြင်းအဆင့်ကို အရင်ရောက်နိုင်တယ်လို့ပြောတုန်းက မနာလိုခဲ့မိတယ်။ဒါပေမဲ့ ငါ့အမေပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ် ဘယ်လောက်ပဲလမ်းလျှောက်တာနှေးနေပါစေ လက်မလျှော့သရွေ့ ပန်းတိုင်ကို တစ်ချိန်ချိန်မှာတော့ရောက်နိုင်တယ် နင်လဲအခုလက်လျှော့လိုက်ရင် သာမန်လူပဲဖြစ်နေမှာ အဲ့တာကြောင့် အသက်ရှင်သရွေ့လက်မလျှော့လိုက်နဲ့"

ရှောင်ရှုရဲ့စကားကိုကြားတော့ လောင်အာရဲ့မျက်ဝန်းထဲကနေမျက်ရည်တွေစီးကျလာကာ "မင်းပြောတာမှန်တယ် အနည်းဆုံးတော့ ငါကအသက်ရှင်နေသေးတာပဲ"

အပြင်မှာရှိနေတဲ့ ရှီယု ထိုစကားတွေကိုကြားရတော့ အထဲမဝင်တော့ဘဲ ပြန်ထွက်လာခဲ့တယ်။နောက်တစ်နေ့မနက်မှာတော့ မနက်စာစားပြီးတာနဲ့ တော်ဝင်ကျောင်းတော်ကို သွားလိုက်ကြတယ်။ ရှီယု ကျောင်းအုပ်ကြီးကိုသွားတွေ့လိုက်ကာ အရှေ့အင်ပါယာနဲ့ထျန်းရွှမ်အင်ပါယာ ပူပေါင်းမယ့်အကြောင်းနဲ့ သိပ်မကြာခင်မှာ ၉လောကရဲ့စွမ်းအင်ဖိနှိပ်မှုကို ယာယီချိုးဖျက်နိုင်မယ့်အစားစာတစ်မျိုးပို့ပေးမယ့်အကြောင်းပြောပြီးနောက် နှုတ်ဆက်စကားပြောကာ ဆိုလန်ဆီထွက်လာခဲ့လိုက်တယ်။ သူမကို အရင်က ကူညီပေးခဲ့တာတွေအတွက်ဆိုလန်ကို ကျေးဇူးတင်စကားပြောလိုက်ကာ ဘာပြန်ကူညီပေးရမလဲလို့မေးလိုက်တယ်။

ဆိူလန်-"မင်း လုပ်စရာရှိတာတွေအရင်သွားလုပ်လိုက်ပါ ငါ့ကိုကျေးဇူးဆပ်တာကတော့ နောက်၃နှစ်အကြာမှပဲပြောရအောင်"
နောက်၃နှစ်ကြာရင် ဟွမ်းထိုင်ချူက အခန်းပိတ်ကျင့်ကြံတာကနေ ပြန်ထွက်လာမှာဖြစ်ပြီး အဲ့အချိန်မှာ ရှီယုသာ သူ့ကိုအနိုင်တိုင်နိုင်ရင်ပိုပြီးသန်မာလာမှာပဲ....
(ပိုသန်မာတဲ့သူဆီက ရမယ့်အကျိုးကျေးဇူးက အများကြီးပိုမကောင်းဘူးလား..)

ရှီယု ခေါင်းငြိမ့်ပြလိုက်ကာ "ကောင်ပြီလေ ဒါနဲ့၈လောကမှာ သတင်းအချက်လက်တွေစုံစမ်းလို့ရတဲ့နေရာရှိလား?"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now