486 - 490

408 36 0
                                    

အပိုင်း၄၈၆

မနေ့ကလိုပဲ အစားသောက်တွေပြင်ပြီးတာနဲ့ စကားများတဲ့ချူရှောင်းကပြန်ပေါ်လာပြီး စားလို့ပြီးတာနဲ့တည်ငြိမ်ပြီး အေးစက်စက်နိုင်တဲ့ချူရှောင်းကပြန်ပေါ်လာတယ်။ ဒီနေ့တော့ ထိုချူရှောင်းကပန်းကန်ဆေးပြီးနောက် တခြားလုပ်စရာတစ်ခုပါပေါ်လာခဲ့တယ်။ခြံနောက်မှာ အသီးရွက်ခင်းစိုက်ပေးဖို့ပင်။
၂ရက်ဆက်တိုက်ထိုကဲ့သို့နေပြီးနောက်မှာ ရေခဲတူံးချူရှောင်းကအထာနပ်သွားကာ စကားများတဲ့ချူရှောင်းလုပ်စရာတွေအားလုံးပြီးသွားတော့မှပဲ ပေါ်လာခဲ့တယ်။ စကားများတဲ့ချူရှောင်းကတော့ သူ့အတွက်အပြင်ထွက်လာရချိန်တိုးလာတာကြောင့် ရှီယုကိုကျေးဇူးတင်မိသွားတယ်။

၂ယောက်တည်းရှိနေချိန်မှပဲ ရှီယု ဝမ်းဟန်ကိုမေးလိုက်တယ် "ချူရှောင်းရဲ့လက်ရှိအခြေနေကတသက်လုံးတော့မဟုတ်လောက်ဘူးမလား?"

ဆည်းဆာမြို့မှာ ချူရှောင်းက လူတစ်ကိုယ်စိတ်နှစ်ခွအဖြစ်ပြောင်းလဲသွားခဲ့ပေမဲ့ဝိညာဥ်ကတော့တစ်ခုတည်းပင်။ဒါပေမဲ့ကျင့်ကြံမှုကခန္ဓာကိုယ်နဲ့ဝိညာဥ်တစ်သားတည်းဖြစ်ဖို့လိုအပ်တာကြောင့် ဒီတိုင်းသာဆက်သွားရင်ကျင့်ကြံမှုကိုထိခိုက်နိုင်တယ်။

"အငိး" ဝမ်းဟန်ကလဲမငြင်းလိုက်ပေ။

ဘယ်သူပျောက်ကွယ်သွားမယ်ဆိုတာ ဝမ်းဟန်က မပြောပေမဲ့လဲ အဖိနှိပ်ခံထားရတဲ့တစ်ယောက်ကအဖြစ်များတယ်ဆိုတာရှီယုသိနေတယ်။တစ်နည်းအားဖြင့်ဆိုသော် အစားစားချိန်တိုင်းအတင်းပေါ်လာတတ်တဲ့ချူရှောင်းကပျောက်ကွယ်သွားဖို့ရာနှုန်းပိုများနေတာပင်။ဒါကြောင့်ပဲ ရှီယုက ထိုချူရှောင်းပေါ်လာချိန်မှာအရင်ထက်ပိုဂရုစိုက်ပေးခဲ့တယ်။အဲ့တာကို တစ်ယောက်သောချူရှောင်းမှာကျေးဇူးမတင်တဲ့အပြင် ရှီယုကိုသတိကြီးကြီးထားပြီးကြည့်ကာမေးလိုက်သေးတယ် "မင်း ငါ့အသားကိုစားဖို့ကြံနေတာလား?!ငါ့အသားက စားလို့မကောင်းဘူးနော်!"

ရှီယု ထိုတစ်ယောက်ကိုလျစ်လျူရှုထားကာ သူမရဲ့ဟင်းချက်စွမ်းရည်တိုးတက်လာဖို့ကိုသာကြိုးစားနေတော့တယ်။ ရှင်းဟွာရွာမှာအန္တာရယ်မရှိတာသေချာတော့မှပဲ ရှီယု တိမ်သားရဲ,စန်းပန်, မီးယူနီကွန်နဲ့ မှော်နွယ်ပင်တို့ကိုပါအပြင်ထုတ်လိုက်တယ်။ တိမ်သားရဲရဲ့ကိုယ်ကအဆိပ်တွေကအပြည့်ဝမဖယ်ရှားရသေးတာကြောင့် အခုထိကောင်းကင်လောကကို ပြန်ဖို့ရာစွမ်းအားမဲ့နေဆဲပင်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now