51 - 55

676 73 2
                                    

အပိုင်း-၅၁ (ဆာရှီမီ)

ဒီအဘိုးကြီးက လင်းဖန်ရဲ့ ကျောက်စိမ်းဆွဲပြားထဲမှာ နေနေတဲ့ ဝိညာဥ်ကြီးပဲဖြစ်တယ်။

ဒီအဘိုးကြီးရဲ့ အကြံပေးချက် တွေကြောင့်သာ မဟုတ်ရင် သူ အခုလိုမျိုး အဆင့်တက်တာ မြန်နိုင်မှာမဟုတ်ဘူး။

သူပြောတာကြားတော့ ရှီယုနဲ့ စတွေ့တဲ့အချိန်ကိုတောင် သတိရ သွားတယ်။တကယ်လို့ ရှီယုသာ အဲ့တုန်းက ဆွဲပြားပြန်မပေးခဲ့ရင် ဒီအဘိုးကြီးရဲ့ လမ်းညွှန်မှုနဲ့လဲ လွဲသွားမှာပဲ။

"သူမရဲ့ ကျင့်ကြံနှုန်းက တော်တော်လေး နှေးနေတယ်" ရှီယုရဲ့ အဆင့်က ဒီမှာရှိတဲ့ ကျောင်းသားတွေထဲမှာ အနိမ့်ဆုံး ပဲ။

အဘိုးကြီးရဲ့ မျက်လုံးတွေက
ကျဉ်းမြောင်းသွားကာ "ဒီကျောင်းဝင်းထဲက လျှို့ဝှက်
ရတနာတွေ ရှိနေတဲ့ အဆောက်အ အုံထဲမှာ အရမ်းအဖိုးတန်လွန်းတဲ့ အထူးပစ္စည်းတစ်မျိုးရှိတယ်။တကယ်လို့ မင်းရဲ့သူငယ်ချင်း
လေးကိုသာ အဲ့ပစ္စည်းပေးလိုက်
မယ်ဆိုရင် သူ့ရဲ့ ကျင့်ကြံနှုန်းက သေချာပေါက် မြန်လာလိမ့်မယ်။ ဒါပေမဲ့ ဒီကျောင်းထဲက ရှေးရိုးစွဲကြီးတွေက တော်တော် လောဘကြီးကြတယ်။အဲ့ပစ္စည်း ကို အမှတ်ပေါင်း၁၀သန်းရှိမှ လဲ နိုင်မှာ"

"၁ဝသန်း?''

"မင်း စိတ်ဝင်စားနေမှတော့ အမှတ်ဘယ်လိုတွက်ကြလဲဆိုတာ ဒီလူအိုကြီးက ရှင်းပြပေးမယ်။ ကျောင်းရဲ့စည်းကမ်းချက်တွေအရ မင်းကို လာစိန်ခေါ်တဲ့သူတွေကို နိုင်သွားရင် သူတို့ပေးရတဲ့ အမှတ် တစ်ဝက်ကို မင်းပဲရမယ်။ အဆင့်၇စိတ်ဝိညာဉ်သားရဲကို သတ်နိုင်ရင် အမှတ်၁၀၀,၀၀၀ရ မယ်။လျှို့ဝှက်ဆန်းကြယ်အဆင့် ဆေးပင်တစ်ပင် ကျောင်းကို လှူ ရင် အမှတ်၁၀၀,၀၀၀ရမယ်။ တစ်နည်းပြောရရင် မင်း ကျောင်းသား၁၀၀ကို တစ်ရက် အတွင်းနိုင်ရင် အဆင့်၇ရှိတဲ့
စိတ်ဝိညာဉ်သားရဲကို သတ်နိုင်ရင်  လျှို့ဝှက်ဆန်ကြယ်အဆင့်ဆေးပင်တစ်ပင်ကို ရှာပေးနိုင်ရင် အမှတ်၁၀သန်းကို စုနိုင်မယ့်အချိန် က အင်း....၁၀နှစ်လောက်တော့
ကြာနိုင်တယ်"

လင်းဖန်-"......."
(ခင်ဗျားကြီးက အဆင့်၇ဝိညာဉ်
သားရဲနဲ့ လျို့ဝှက်ဆန်းကြယ်
အဆင့်ဆေးပင်တွေကို ဈေးထဲမှာ အလွယ်ရနိုင်တဲ့ ဂေါ်ဖီထုပ်တွေ များ မှတ်နေလား?)

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now