261 - 265

479 57 0
                                    

အပိုင်း၂၆၁

ထိုအချိန် စင်ပေါ်မှာ ပြိုင်နေတဲ့တုန်းဖန်ကျန်းတစ်ယောက် စင်အောက်ကိုကန်ချခံလိုက်ရပြီပင်။ သူ အံတင်းတင်းကြိတ်လိုက်ကာ "တော်တော်ရိုင်းတာပဲ တခြားနေရာတွေကိုမရိုက်ပဲ ငါ့မျက်နှာကိုပဲ ချိန်ရိုက်တယ်"

တုန်းဖန်ကျန်း စင်ပေါ်ကိုသွားဖို့ ထရပ်နေတဲ့လင်းဖန်ကိုပြောလိုက်တယ် "ညီအစ်ကိုလင်း! ငါတို့အတွက်လက်စားချေပေး!"

လင်းဖန် နောက်ပြန်လှည့်ကာ သူ့အဖွဲ့သားတွေရဲ့မျက်နှာကိုကြည့်လိုက်ရင်း "ကောင်းပြီ ငါအကောင်းဆုံးကြိုးစားမယ်" အဲ့လိုပြောပြီးနောက် သူ စင်ဘက်ကိုထွက်သွားလိုက်တယ်။

ရှီယု ဆေးဘူးထုတ်ပြီး သူမ သူငယ်ချင်းတွေရဲ့ကိုယ်ပေါ်က ဒဏ်ရာတွေကိုလိမ်းပေးလိုက်ကာ "ဘာလို့စင်ပေါ်က လူက မပြောင်းသေးတာလဲ"

တစ်ယောက်ချင်းပြိုင်ပွဲတွေမှာ ပုံမှန်ဆိုလူလဲပြီးတိုက်ကြတယ်။

"အဲ့လူက သူတစ်ယောက်တည်းနဲ့ ငါတို့တစ်ဖွဲ့လုံးကို လာစိန်ခေါ်တာ။ ငါတို့ထဲမှာ လင်းဖန်နဲ့ချင်းချန်ပဲကျန်တော့တယ်။ သူတို့ပါရှုံးရင် ငါတို့တော့အရှက်ကွဲပြီ"

"ငါတို့တွေ မီးဝံပုလွေအဖွဲ့ကိုမရှုံးခဲ့ပေမယ့် အားနည်းတဲ့မိန်းကလေးတစ်ယောက်ကိုတော့ ရှုံးတယ်ဆို တကယ်ကြောက်စရာကြီး"

သူတို့ပြောနေတာတွေကိုကြားတော့ ရှီယု စင်ပေါ်မှာပြိုင်နေတဲ့တစ်ယောက်ကို ကြည့်လိုက်မိတယ်။ စင်ပေါ်မှာတော့ အရပ်ရှည်ရှည်နဲ့မိန်းမလှလေးတစ်ယောက်ရှိနေကာ သူမရဲ့မျက်ဝန်းတွေက မောက်မာပုံပေါ်နေတယ်။

ထိုမျက်ဝန်းတွေကိုမြင်ရတော့ ရှီယု အနည်းငယ်ရင်းနှီးနေသလိုခံစားလိုက်ရတယ်။

အဲ့မိန်းကလေးက ငယ်ငယ်လေးနဲ့အခုလိုမျိုးကျင့်ကြံမှုအဆင့်ထိရောက်နေတာဆိုတော့ သူမ မောက်မာချင်လဲမောက်မာစရာပဲ...

စင်ပေါ်က ၂ယောက်လုံးက စကားသိပ်မပြောကြဘဲ အပြန်အလှန်အလေးပြုပြီးတာနဲ့ စတင်တိုက်ခိုက်ကြတယ်။

၂ယောက်လုံးက ဓားသမားတွေဖြစ်တာကြောင့် တိုက်ရိုက်တိုက်ခိုက်ကြတယ်။ လင်းဖန်ရဲ့ဓားစွမ်းရည်က သန်မာနေကာ ထိုမိန်းကလေးရဲ့ဓားကိုင်ပုံကတော့ကျွမ်းကျင်ပြီးပါးနပ်နေတယ်။ ရှီယု ထို၂ယောက်ရဲ့ပြိုင်ပွဲကိုကြည့်ပြီး စိတ်လှုပ်ရှားလာတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now