106 - 110

581 71 0
                                    

အပိုင်း-၁၀၆ (ဝက်သားလုံးချက်)

ဖုန်းလျိုနေတဲ့ သီးသန့်ခြံဝန်းက သိပ်မကျယ်ဘဲ အိမ်ပုံစံကတော့ သစ်ပင်အိမ်လေးဖြစ်နေတာပဲ။

လူတိုင်းက ပုံပြင်ထဲကနေ ထွက်လာသလိုမျိုး လှပဆန်းကြယ်နေတဲ့ သစ်ပင်အိမ်လေးကိုကြည့်ပြီး တအံ့တဩတွေဖြစ်နေကြတယ်။ ဒီအိမ်လေးက ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး  သစ်ကိုင်းတွေကလဲ တစ်ခန်းနဲ့တစ်ခန်းကို ကူးလို့ရတဲ့ တံတားသဖွယ် တည်ရှိနေကြတယ်။ သစ်ပင်ကြီးက အရမ်းကိုမြင့်မားကျယ်ပြန့်နေကာ တစ်အိမ်လုံးစိမ်းစိုနေတယ်။

ရှောင်ချီနဲ့ကျန်တဲ့ကလေးတွေက သစ်ကိုင်းတွေပေါ်ကို မျောက်တွေလိုမျိုး အမြန် တွယ်တက်ပြီး တစ်အိမ်လုံးကို လိုက်ကြည့်လိုက်ကြတယ်။ အခန်းတစ်ခန်းစီမှာ လိုအပ်တဲ့ ပရိဘောဂအစုံအလင်ရှိနေပြီး ကြည့်ရတာ အရမ်းလဲ သက်တောင့်သက်သာဖြစ်တယ်။

"မင်းတို့ကြိုက်တဲ့အခန်းမှာ နေလို့ရတယ်" ဖုန်းလျိုက ပြောလိုက်တယ်။

ရှီယုက ရှောင်ချီနဲ့အတူတူ တစ်ခန်းထဲနေမှာဖြစ်လို့ ရှောင်ချီကို ကြိုက်တဲ့အခန်းရွေးခိုင်းလိုက်တယ်။ ဒီသစ်ပင်အိမ်လေးပေါ်မှာ နေရတာ ရှီယုအတွက် မကောင်းတဲ့အချက်ဆိုလို့ ချက်ပြုတ်လို့မရတာပဲဖြစ်တယ်။

သူမတို့တွေ စိတ်ဝိညာဉ်သားရဲတောင်ပေါ်မှာ နေရာလိုက်ရှာချိန်တုန်းက သူမ ချက်တဲ့ ဒေါင်းတောင်ပံဖြန့်ချီဟင်းပွဲက ကြောင်ဝတုတ်ဆီကနေ အောင်မှတ်ရသွားပြီမလို့ စာရင်းထဲမှာပါတဲ့ ၆ပွဲမြောက်ဟင်းလျာဖြစ်တဲ့ ဝက်သားလုံးချက်ကိုချက်ရတော့မှာပဲဖြစ်တယ်။ ဒီဟင်းပွဲရဲ့ချက်ပုံချက်နည်းက အရင်ဟင်းပွဲတွေလောက် မခက်တော့ပေမယ့်လဲ သူမ တစ်ခါမှတော့ မချက်ဖူးသေးဘူး။
သူမ ဖုန်းလျိုတို့အိမ်ကိုရောက်မှ ချက်ကြည့်မယ်ဆိုပြီး စဥ်းစားထားတာ။ အခု အိမ်ပေါ်မှာ ချက်လို့အဆင်မပြေးဘူးဆိုတော့ ရှီယု သစ်ပင်အောက်က နေရာလွတ်တသ်ခုမှာ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်တယ်။

ထိုဟင်းပွဲကိုချက်ဖို့အတွက် ဝက်အဆီ၇၀%နဲ့ ဝက်သားအသား၃၀%ကို သုံးဖို့ ဆုံးဖြတ်လိုက်တယ်။ ဝက်သားကို လက်တစ်ဆစ်စာလောက် အတုံးသေးသေးလေးတွေအဖြစ် အရင်ပိုင်းဖြတ်လိုက်တယ်။ ထိုအသားတုံးလေးတွေကို ဆား၊ ဝိုင်၊ ပုဇွန်ခြောက်မှုန့်၊ ဂျင်းတွေနဲ့ ရောနယ်ကာ ပန်းကန်ထဲမှာ နှပ်ထားလိုက်တယ်။ အသားတုံးတွေကို နှပ်ထားစဥ်အတောတွင်းမှာပဲ ရေနွေးတည်ထားလိုက်တယ်။ ရေနွေးပွက်ပွက်ဆူလာတာနဲ့ စောစောက နှပ်ထားတဲ့ အသားတုံးတွေကို ဓားနဲ့နုတ်နုတ်စင်းလိုက်ပြီး အသားလုံးလေးတွေဖြစ်အောင် လက်နဲ့ဆုပ်လိုက်ပြီး ရေနွေးထဲ ထည့်လိုက်တယ်။အသားလုံးတွေ ကျတ်သွားတာနဲ့ ရေနွေးထဲကနေ ဆယ်ထားလိုက်တယ်။ ပြီးတာနဲ့ နောက်ထပ်အိုးတစ်လုံးထပ်ယူကာ ရေထည့်လိုက်ပြီး ရေပွက်ပွက်ဆူလာတာနဲ့ လာတာနဲ့ ဟင်းသီးဟင်ရွက်တွေထည့် အသားလုံးတွေထည့်ပြီးတာနဲ့ ဆား၊သကြားတွေထည့်ပြီးတာနဲ့ ဆီနည်းနည်းထည့်ကာ ရေခမ်းပြီး အနှစ်တွေ ဖြစ်လာတဲ့အထိ တည်ထားလိုက်တယ်။ရေးခမ်းသွားတော့ အသားလုံးတစ်လုံးကို ယူမြည်းကြည့်လိုက်တယ်။
(အင်း, အရသာရှိသားပဲ!)

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now